Welcome To My Website From Buddha, Dhamma,and Samgha are for all of you
Buddha, Dhamma and Samgha are for all of you
Hello Welcome to my website This is my first project

Pages

Thursday, September 8, 2011

သင်္ချေလေးရပ် တသိန်းထက်က ဒို့ဖခင်

သင်္ချေလေးရပ် တသိန်ထက်မှစ၍ ပါရမီဆယ်ပါး အပြားသုံးဆယ်တို့ကို မနားမနေ ဖြည့် ကျင့်တော် မူပြီးနောက်၌ ဘိုးတော်အဉ္ဇန သက္ကရာဇ်ဖြိုချပြီး နှစ်ပေါင်းတော်တော်ကြာသောအခါ လူ တို့သမုတ်အပ် လူတို့အလေ့အမြတ် ပြုအပ်သော ဘုရင်တစ်ဆူဖြစ်သော မင်းသုဒ္ဓေါဒန နန်းတက် လာခဲ့သည်။ နောက်နှစ်များစွာကြာမြင့်လာသောအခါ မင်းကြီးသုဒ္ဓေါဒနနှင့် မဟာမယာဒေ၀ီတို့၏ လယ်ယာမြေကောင်းသဖွယ်ဖြစ်သော ဥယျာဉ်တွင်းမှာ သိဒ္ဓတ္ထကုမာရ ဟုဆိုအပ်သော ကုမုဒြာကြာ ပန်းကလေးတစ်ပွင့် ပြိုင်ဘက်မရှိ လှပစွာပွင့်ထွန်း ထွက်ပေါ်လာခဲ့သည်။ ထိုပန်းကလေး တစ်ပွင့်၏ ရနံ့တို့ဖြင့် ဖခင်ဘုရင်သုဒ္ဓေါဒနသည် အရမ်း ကို ကြည်နူးခဲ့ရသည်။read more
ထိုကုမုဒြာပန်းကလေး မွေးဖွားမူကြောင့် အရမ်းဝမ်းသာနေသလို အရမ်းလည်း ၀မ်းနည်း မဆုံး ဖြစ်ခဲ့ရသည်။ ၀မ်းနည်းခြင်း၏ အကြောင်းမှာလည်း ချစ်လှစွာသော ကြင်ယာတော် မဟာ မာယာဒေ၀ီ မိဖုရားခေါင်ကြီး နတ်ရွာစံသွားသောကြောင့် ဖြစ်သည်။ မည်သို့ သောအကြောင်း ကြောင့် မင်းကြီး စိတ်သောက ရောက်နေသည် မည်သူမှ မသိသော်လည်း မင်းကြီး၏ ပူဆွေးနေ သော နှလုံးအိမ်နှင့် လစ်ဟာနေသော မိဖုရားကြီး၏ နေရာကို ကြည့်လျှင် သိနိုင်ပါသည်။
လောကတွင် မည်သို့သော ယောင်္ကျားသည် အိမ်ထောင်သည် ဘ၀သို့ ရောက်ရှိ သွားသော အခါ ထိုအိမ်ထောင်သည် ဘ၀ကို မြတ်နိုးခြင်း တက်မက်ခြင်း ကာမရာဂဖြင့် တည်ဆောက်ထား ခြင်းကြောင့် မိမိ၏ ကိုယ်ပိုင်ပုံရိပ် အိမ်ရိပ်တွင် ခွန်အားဖြစ်စေသော ဇနီးသည် မရှိလျှင် မျက်လုံး တဖက်မရှိသော လူတယောက်အသွင်သို့ ရောက်သွားသကဲ့သို့ ဖြစ် သည်။
မင်းကြီးလည်း ထိုနည်းအတူ မိမိ၏ ကြင်ယာတော် ချစ်ဇနီး သူဘ၀ထဲက ထွက်ခွာကာ နတ် ရွာစံခဲ့သည့်အတွက်ကြောင့် စိတ်သောက ဗျာပါဝေလျက် ရှိနေသော်လည်း သူ၏ လယ်ယာ မြေကောင်း သဖွယ်ဖြစ်သော ဥယျာဉ်ထဲတွင် သိဒ္ဓတ္ထကုမာရ မင်းသားကို အစားထိုး ချစ်မဆုံးသော အကြင်နာ တရားတွေနဲ့ ယုယထွေးပိုက်ကာ တသသ ရင်မှာလှိုက်သော ပီတိ အပြုံးတွေဖြင့် ပျော် မဆုံး ဖြစ်ခဲ့ရသည်။ တနေ့သောအခါ မင်းဆရာဖြစ်သော ရသေ့ကြီးတပါး နန်တော်အတွင်းသို့ ကြွလာခဲ့သည်။ ရသေ့သည် သင့်သင့်လျှောက်ပတ်သော နေရာ၌ နေထိုင်သီတင်းသုံးနေစဉ်တွင် လူမမယ် ကလေးလေးဖြစ်သော မင်းသားလေး သိဒ္ဓတ္ထသည် ရသေ့ကြီး၏ ဦးခေါင်းထိပ်သို့ တက် ရောက်နေသည်။
ထိုအခါ၌ ရသေ့ကြီးသည် အံသြဘနန်းဖြစ်၍ ဖော်မပြနိုင်သော သောကတွေ ရင်လှိုက် သည်းလှိုက် ခံစားရင်း စက္ခူနှစ်ကွင်း အလင်းရောင်၏ အရှေ့တွင် မျက်ရည်စီး ကြောင်းလေးများ တသွင်သွင် စီးနေမိသလို သူတော်စဉ် ပုလဲမျက်ရည်လေးများ မြေပါးပြင် ပေါ်သို့ ခစားလာရသည်။ ထိုအချိန်မှာ ဘုရင်ကြီးလည်း အကြောင်းစုံ သိချင်သောကြောင့် ဆရာရသေ့ကြီးကို မေးလျှောက် ကြားလိုက်ပါသည်။ ရသေ့ကြီးက “အခုလို အရှင်မင်းကြီး၏ လယ်ယာမြေကောင်းသော မြေကွက် ပေါ်မှာ ဥယျာဉ်လည်းကောင်း ဥယျာဉ်မှူးလည်း ကောင်းသဖြင့် အရှင်မင်းကြီး၏ ရင်သွေးဖြစ်သော သိဒ္ဓတ္ထကုမာရ မင်းသားလေးတည်းဟူသော ကမ္ဘာ့ပန်းကောင်းလေး တပွင့်ပွင့်ထွက်လာခြင်းက အလွန်ကံကောင်း လေစွတကား၊
ထိုအပြင် နောင်လာမည့် အနာဂါတ်မှာလည်း မင်းစကြာ သို့မဟုတ် လောကသုံးတို့ အတုလ ပိုင်ရှင်လည်းဖြစ် လူသားတို့၏ အလေ့ဂရုပြုအပ်သော လောကသား အားလုံးတို့၏ ဖခင်တဆူ ဖြစ်လိမ့်မည် ထိုအကြောင်းသည် စင်စစ်ဧကန်ပင်ဖြစ်သည်”။ ရသေ့ကြီးသည် မင်းကြီးအား မျက်ဝန်း အိမ်က မခြောက်သေးသော မျက်ရည်နဲ့ ကြည့်ရင်း တုန်ခါနေသော နှုတ်ခမ်းပါးအစုံက ပြောပြနေ သည်။ မင်းကြီးလည်း ထိုအကြောင်းကို သိရှိ၍ သားတော် သိဒ္ဓတ္ထကုမာရကို ကြည့်ရင်း လွန်စွာ ၀မ်း မြောက်ခဲ့သည်။
ထိုအချိန်မှာ သက်တမ်းအားဖြင့် ကြီးရင့်လာသဖြင့် နောင်ဆယ်နှစ်ကျော် နှစ်ဆယ်လောက် ကာလသာနေရမည့် ရသေ့ကြီးသည် “ငါသည် လောကထွက်ထား သုံးလောကသနင်း တရားမင်း ဖြစ်သော ဘုရားရှင်ကို ဖူးမြင်ရတော့မည် မဟုတ်ပါ” ဟု အတွေးအိမ်မှာ တွေးတောရင်း မျက်ရည် ဖြေမဆည်သာ၍ တဖန် နှလုံးအိမ်မှာ မိုးထစ်ချုန်း ရွာချလာသဖြင့် စက္ခူအိမ် ရေလမ်းကြောင်းမှ တသွင်သွင် စီးကျလာခဲ့သည်။
သို့သော် ရသေ့ကြီးသည် ကြိုတင်ကာ အလောင်းတော် သိဒ္ဓတ္ထကုမာရ မင်းသားလေးကို လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးခြင်းဖြင့် ပီတိသောမနဿ ထုံလွှမ်းကာ ၀မ်းမြောက်ခြင်း သီတာ မျက်ရည်တို့ တဖန်စီးဆင်းနေခဲ့သည်။ ထိုနောက် နှစ်ပရိစ္ဆေဒ အနည်းငယ်ကြာလွန်သောအခါ မင်းကြီးသည် တိုင်းပြည်ရှိ တိုင်းသူတိုင်းသားများဖြစ်သော ပညာရှိ ပုရောဟိတ်တို့ကို ကြေညာ မောင်းတီး၍ ဆင့်ခေါ်ကာ သားတော် သိဒ္ဓတ္ထမင်းသားလေး၏ လက္ခဏာကြီးငယ်တို့ကို ကြည့်ရှုဖတ် ခိုင်းခဲ့သည်။
ထိုအချိန်တွင် မဇ္ဈိမတိုင်းနိုင်ငံရှိ နာမည်ကျော် ပုရောဟိတ် ငါးဦးတို့သည် မင်းသားလေး၏ လက္ခဏာကြီးငယ်ကို ဖတ်ကြပြီး လေးယောက်သော ပုဏ္ဏားတို့သည် စကြာမင်း သို့မဟုတ် လောက ထွက်ထား ဘုရားရှင်အဖြစ် ကမ္ဘာသူ ကမ္ဘာသားတို့၏ ဖခင်ဖြစ်လိမ့် မည်ဟု ဟောကြားခဲ့ကြသည်။ သို့သော် ကောဏ္ဍည ပုဏ္ဏားလေးသည် လောကသုံးပါး တို့၏ အလေ့ဂရုပြုအပ်သော ဘုရားစင်စစ် ဧကန် ဖြစ်လိမ့်မည်ဟု တခုတည်းသော အဖြေ ဖြင့် ပြောကြားခဲ့သည်။
မင်းကြီးသည် ထိုအကြောင်းအားလုံးကို သိတော်မူသောအခါ မိမိ၏ သားတော်ကို လိုလေ သေးမရှိအောင် ဖခင်တို့ ချစ်ခြင်းမေတ္တာဖြင့် လိုအပ်တာမှန်သမျှနှင့် အရွယ်ရောက် သောအခါမှာ လည်း ဘဒ္ဒကဉ္ဇန ဟုခေါ်သော ယသော်ဓရာ မင်းသ္မီးနဲ့ မိဘတို့ ၀တ္တရားအတိုင်း ထိမ်းမြားပေးခဲ့ သည်။ ထို့အပြင် မင်းကြီးသည် သားတော်ကို ချစ်မြတ်သဖြင့် ရွှေနန်းကြီး သုံးဆောင်ဖြင့် ထားခဲ့ သည်။ ထိမ်းမြားပြီး နှစ်အနည်းငယ်ကြာသောအခါ မင်းသား သိဒ္ဓတ္ထနှင့် ဘဒ္ဒကဉ္ဇနမင်းသ္မီးတို့၏ သားဦးရတနာလေး ရာဟုလာကို မွေးဖွားပေးခဲ့သည်။ အသက်အားဖြင့် နှစ်ဆဲ့ကိုးနှစ်သို့ ရောက် သောအခါ နိမိတ် ကြီးလေးပါးကို တွေ့မြင်ခဲ့သလို လောကဦးရည်ဖြစ်သော ကာမဂုဏ်၏ သကာရည် ကို ရွံ့ရှာသဖြင့် တောထွက်ခဲ့သည်။
သူ၏ ချစ်ခင်လှစွာသော ဇနီးနှင့်သားကို စွန့်လွတ်သွားခြင်းသည် လောကလူသားတို့ သဘာဝအလျှောက် မကောင်းသော်လည်း အနာဂါတ် လျှောက်လှမ်းမည့် မိမိရင်၌ မလွယ်ရ သော်လည်း ဓမ္မရင်၌ လွယ်၍ မွေးပေးရသော သားသ္မီးအတွက် ကောင်းစေဖို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ထိုကြောင့် မင်းသိဒ္ဓတ်သည် အနော်မာသောင်ကမ်းမှ ဥရုဝေလ တောသို့ ထွက်လာခဲ့ခြင်း ဖြစ်သည်။ အခြားတဖက်၌လည်း အိုမင်းတရား၏ ထံသို့ခြင်းကပ်နေသော မင်းတရား သုဒ္ဓေါဒနသည် သားတော်ကို မည်သို့သော အကြောင်းရာများဖြင့် တားစီးခဲ့သော်လည်း တားစီးခွင့် မရှိသောကြောင့် သားတော် ပျောက်ခြင်းမလှ ပျောက်သွားသောကြောင့် ပူဆွေးခြင်း သောကတွေ ရင်မှာပိုက်လို့ သား တော်ကို ရှာပုံတော် ဖွင့်ခဲ့ရသည်။
သို့သော် နှစ်တွေအလီလီကြာ  ညောင်းသော်လည်း သားတော်၏ ခြေရာတောင် မတွေ့ခဲ့ရ သဖြင့် ဝေဒနာနဲ့ ရင်ထုကာ ပူဆွေးခြင်း ၀မ်းနည်းခြင်း သောကတွေနဲ့ စားမ၀င် အိပ်မပျော်ခဲ့သော ညတိုင်းလို မျက်ရည်ဖြင့် ရွှေကုတင်ပေါ်မှာ မျောခဲ့ရသည်။ နှစ်ဟောင်း တွေပြောင်း နှစ်သစ်မှာ ရွက်သစ်ဝေသော တစ်နှစ်ခရီးသည် ကုန်ဆုံးခဲ့ရသည်။ ထိုအချိန်မှာ သားတော် မင်းသိဒ္ဓတ်သည် ဥရုဝေလတောတွင် ရသေ့ရဟန်းပြုပြီး၍ ဒုက္ကရစရိယ အကျင့်တရားကို အားထုတ်နေခြင်း ဖြစ်သည်။
ထိုအကျင့်တရားများသည် လွန်စွာပင်ပန်းဆင်းရဲလှသဖြင့် မိမိ၏ခန္ဓာကိုယ်သည် ပိန်ချုံးသကဲ့ သို့ အရိုးပေါ်အရေတင် ဖြစ်ခဲ့ရသည်။ ခြောက်နှစ်သို့ရောက်သောအခါ အတ္တလွှမ်းမိုးသော ထိုအကျင့် တရား၏ အကြောင်းအရာများကို ကောင်းစွာသိဖြင့် အတ္တဆန်သော ထိုအကျင့်ကို စွန့်လွတ်ကာ အကျင့်မြတ်ဖြစ်သော အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးသဖြင့် လောကသုံးပါး၌ ဘုရားမြတ် ဘဂ၀ါပိုင်ရှင် ဖခင်တစ်ဆူ ဖြစ်ခဲ့သည်။ ဒီလောက ဒီကမ္ဘာကြီးအတွက် အကောင်းဆုံး ဖခင်တစ်ဆူ ထိုအချိန်မှစ၍ ပေါ်ပေါက်လာခဲ့သည်မှာ မည်သူမှ ငြင်းဆိုခြင်းငှာ စွမ်းနိုင်မည်မဟုတ်ပါ။
ထိုကြောင့် လောကဖခင်ကြီးသည် မိမိသိရှိလာသော ချမ်းသာမှု အားလုံးကို မိမိ၏ ပထမ ဦးဆုံး သားဦးငါးယောက်ကို ဟောဖော်ညွန်ကြားသဖြင့် ထိုအကြောင်းအရာ၏ အဆုံးတွင် လောက ကြီး၏ ချမ်းသာအစစ်ကို သားကြီးကောဏ္ဍညမှ သိရှိနားလည် သဘောပေါက်သဖြင့် ဖခင်၏ အမွေ အနည်းငယ်ကိုရရှိ၍ သောတာပန်ဖြစ်ခဲ့ပြီး များမကြာခင် နိဗ္ဗာန် ချမ်းသာကို ရရှိခဲ့သည်။ ထိုနောက် အစဉ်အတိုင်း သားတော်များ နိဗ္ဗာန်ချမ်းကို ရရှိခဲ့ကြသည်။ ထိုနောက် လေးဆဲ့ငါးဝါတို့ ကာလပတ် လုံး မသိသေးသော သားသမီးတွေအတွက် လောကဖခင်ကြီး အတုလပိုင်ရှင် ဘုရားရှင်သည် မနား မနေ ချမ်းသာအစစ်ဖြစ်သော နည်းလမ်းတွေကို ဟောဖော်ညွန်ပြ ဆိုဆုံးမသဖြင့် ကမ္ဘာအသင်္ချေက ကွယ် ပျောက်နေသော အမှန်တရား များကိုရရှိ၍ ချမ်းသာ၏ နိဂုံးနိဗ္ဗာန်ကို ရောက်ခဲ့ကြသည်။ ထို့အပြင် လောကကြီးဖခင် မြတ်ဘုရားသည် သိထိုက်သော သားသမီးတွေကို ချမ်းသာအစစ်ဖြစ် သော နည်းလမ်းများစွာကို လက်ဆင့်ပေးခဲ့သည်မှာ ယနေ့အထိတိုင်း တည်ရှိနေဆဲဖြစ်သည်။
ကမ္ဘာလောကကြီးတွင် နေထိုင်ကြသော လောကသူ လောကသားတို့ ကောင်းစွာအကျိုး စီးပွားဖြစ်ဖို့အတွက် သင်္ချေလေးရပ် တသိန်းထက်မှ ပါရမီဆယ်ပါး အကျယ်ပွားသော် သုံးဆယ် ပါရမီတို့ကို ကောင်းစွာဖြည့်ကျင့်တော်မူပြီး ဘုရာဖြစ်တော်မူခဲ့သည် လောကသားတို့ ဦးခိုက်ရာ အစုံဖြစ်သော လောကဖခင်ကြီးသည် သက်တမ်းတို လေးဆဲ့ငါးနှစ် ကာလတွင်းမှာ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင် များမြောင်လှစွာသော ချမ်းသာ အစစ်ကို တည်ကျသော နည်းလမ်းတို့ဖြင့် လိုက်နာသူ သားတော် သမီးတော်တို့ကို ကမ်းလှမ်းသောလက်ဖြင့် မည်သူက ဆင်းရဲလို မည်သူက ချမ်းသာလို့ မည်သူက ပညာတက်လို့ မည်သူက ပညာမတက်လို့ မည်သူက ကွာခြားသော အဆင့်တန်းရှိလို့ မည်သူက နိမ့်ကျလို့ မည်သူက ဘာသာကွဲသွားလို့ မည်သူက အမျိုးလိုက်လို့ စသည် မခွဲခြားပဲ တန်းတူ အမွေပေးသော စနစ်ကောင်းဖြင့် မြတ်တရားတွေကို ဟောဖော်ညွန်ပြ ဆိုဆုံးမ၍ နိဗ္ဗာန်ချမ်းသာ အစစ်ကို ဘ၀မောအောင် ကျိုးစားခဲ့သမျှ သားသမီးတွေကို ဝေငှာခဲ့သည် မှာ သင်္ချေလေးရပ် တသိန်းထက်က ဒို့များဖခင် ဘဂ၀ါပိုင်ရှင်သာ ဖြစ်သည်။

တက္ကသိုလ်မြတ်မင်း

0 comments:

Post a Comment

No comments:

Post a Comment

We are discussion about Dhamma when we meet with us.

We are going to discuss about the nature Dhamma as a being and the element of nature for the purification of the truth and Nibbana. We find out final goal and pinnacle way of reaching Nibbana.

Share

Twitter Delicious Facebook Digg Stumbleupon Favorites