Welcome To My Website From Buddha, Dhamma,and Samgha are for all of you
Buddha, Dhamma and Samgha are for all of you
Hello Welcome to my website This is my first project

Pages

Friday, April 22, 2011

အမေနေ့ အမေ့ဘ၀ အမေ့အကြောင်း

မာတာ ယတာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ' မနုရက္ခေ။ ဧ၀မ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။ ဟူသော မြတ်ဗုဒ္ဓ ဟောကြားတော်မူအပ် ပါဠိတော်ကို ထောက်၍ ကြည့်မည်ဆိုလျှင် အမေဟူသော ဂုဏ်ပုဒ်ကို ပြောပြနိုင်းစွမ်း မရှိလောက်အောင်ပင် ဖြစ်သည်။ အမေဟူသည် သားသ္မီးတွေကို အာယုသ သမံကတွာ အသက်ရင်းနှီးပြီး ချစ်မြတ်နိုးခဲ့သည်။ ဘ၀ဿ သမံကတွာ ဘ၀နဲ့ ရင်းနှီးပြီးလည်း ချစ်မြတ်နိုးခဲ့သည်။ ဟဒယဿ သမံကတွာ နှလုံးသားနဲ့ ရင်းနှီးပြီး ချစ်မြတ်ခဲ့တာသည် အမေ ဟု ခေါ်သည်။ အမေမေတ္တာသည်ပင် အပရိမာဏ မေတ္တာမျိုးဖြင့် တနည်းပြောရလျှင် အတိုင်းအတာ ပမာဏ မရှိသော မေတ္တာမျိုးဖြင့် သားသ္မီးတွေအပေါ် ချစ်မြတ်နိုးခဲ့ကြသည်။ ထို့အပြင် ကမ္ဘာပေါ်ရှိကြသော အမေဟု ခေါ်အပ်သော ပုဂ္ဂိုလ်တိုင်းသည် အပရိမာဏ မေတ္တာမျိုးဖြင့် သားသ္မီးတွေကို မြတ်နိုး ကြင်နာလျက် ဗြဟ္မာစိုရ် ရင်ခွင်မှာ ထိုသားသ္မီးတွေ မညောင်းသောလက်တို့ဖြင့် လွဲခက်ကာ မှေးစက်အိပ်ပျော်စေခဲ့သည်။ မည်သို့သော တိုင်းပြည်မှ မိခင်၊ မည်သို့သော နိုင်ငံမှ မိခင်၊ မည်သို့ သတ္တ၀ါတို့၏ မိခင်၊ မည်သို့သော ချမ်းသာသောအသိုင်းဝိုင်းမှ မိခင်၊ မည်သို့သော ဆင်းရဲမွဲတေသော မိခင်၊ မည်သို့သော တိရိစ္ဆာန်တို့၏ မိခင် ဟူ၍ ခွဲခြားခြင်းမရှိသော မေတ္တာမျိုးဖြင့် မိခင်တိုင်း အမေတိုင်းက ချစ်မြတ်ကြသည်မှာ အမှန်ပင်ဖြစ်ပေသည်။ မိခင်တို့ ဘ၀သည်လည်း လွယ်ကူသော ဘ၀မဟုတ်ချေ။
ဆက်ဖတ်ပါရန်
မိခင်တယောက် ဖြစ်ဖို့ရန် အကြောင်းတရားများစွာနှင့် အကျိုးတရားများစွာတို့ ရှိကြသည်မှာလည်း အမှန်ပင်ဖြစ်သည်။ မိခင်လောင်း တယောက်၏ ဘ၀ခရီးလမ်းသည် လွန်စွာ ခက်ခဲကြမ်းတမ်းလှသည်။ မိခင်လောင်း၏ အရည်အချင်းနဲ့လည်း ပြည့်စုံရန် လိုအပ်ပါသည်။ အကယ်၍သာ မိခင်လောင်း၏ လက္ခဏာ မရှိလျှင် မိခင်လောင်း ဖြစ်ဖို့ရန် ခက်ခဲလှသည်။ ထို့အပြင် မိခင်လောင်းတို့၏ အာဝေဏိက ဒုက္ခများလည်း ရှိကြသည်။ ထို့နောက် သားလား သ္မီးလား သို့လော သို့လော အတွေးများနဲ့ အသက်ကို ရင်းနှီးပြီး သားလား သ္မီးလား မသိရသော ကလေးလေးကို ကိုယ်ဝန်လွယ်ပြီး မိခင်တို့ မေတ္တာအပြည့်နဲ့ မွေးဖွားပေးရသလို တုန်ရီသံတွေ မခံစားနိုင်သော အာဝေဏိကတရားတွေကို သားလား သ္မီးလား မသိရသော ကလေးလေးအတွက် အရှက်တရား အကြောက်တရားတွေ ခဏတာ ဖိတ်စာထဲ သိမ်းထားပြီး မွေးဖွားခန်းထဲမှာ ခွန်အားတွေ အပြည့်နဲ့ အမေဆိုသော မိခင်လောင်းက မွေးဖွားပေးခဲ့သည်။ ဘ၀ကို အစချီပြီး ပြောရရင် အမေဟူသော မိခင်လောင်းသည် လူလောကထဲ ရောက်လာကတည်းက မိခင်လောင်းတို့ တက်အပ်သော အတက်ပညာဟူသမျှကို တခုမကျန် သင်ကြားပြီး လူ့လောက မနုဿဘုံမှာ လှပတင့်တယ်စေဖို့အတွက် ဟင်းချက်တက်အောင်လည်း သင်ရ၊ မသိသော မိခင်လောင်းတို့ အတက်ပညာလည်း သင်ရ၊ လူမှုရေး အသိုင်းဝိုင်းနဲ့ နေသည့်အတွက်ကြောင့် ၀ိဇ္ဇာအတက်ပညာလည်း သင်ရ၊ မိမိ ပတ်ဝန်ကျင် ကောင်းအောင်လည်း နေထိုင်နည်း ပညာလည်း သင်ရ၊ အနာဂါတ် နေရောင်ခြည်နဲ့အတူ အရွယ်ရောက်လာသော မိခင်လောင်းသည် ဖခင်ဖြစ်လာမည်သူကို ရွေးချယ်ရသလို ဘ၀ခရီးသွားဖော် သင့်လျှော် မသင့်လျှော်ဆိုတာ အချိန်ချိန် ခေါင်းပူအောင် စဉ်းစားရင်း မျက်စိစုံမှိတ်ကာ အနာဂါတ်ကောင်းပါစေဆိုသော ဆုတောင်းခြင်းဖြင့် တအိုး တစ်အိမ်ထောင် တည်ထောင်ကာ မင်္ဂလာဆောင် အခမ်းနားလည်း တက်ခဲ့ရသည်။ သံသာရခရီး သွားနေသော လမ်းခုလပ်မှာ မိခင်လောင်းသည် အရည်ချင်းရှိသော သန့်ရှင်းသော ကိုယ်ဝန်ကို သားလား သ္မီးလား မသိသော ကလေးလေး မိခင်လောင်းက ကိုယ်ဝန်ဆောင်လာရသည်။ ကိုယ်ဝန်ဆောင်ခြင်း မသိသေးသော မိခင်လောင်း လက္ခဏာကား ထိုမိခင်ထံ အချက်ပြလာသည်။ ထိုအရာကို သိလာသော မိခင်လောင်းသည် အငိုမျက်ရည်နဲ့ အပြုံး တချက်တို့က ဘ၀က်ကို တိုင်အောင် ကြုံဝါးသံ မချိအောင် လောကကြီးမှာ ငါ ဟာ မိခင် အစစ်ဖြစ်ပြီး ဟူသော ပီတိ သောမနဿတို့ ရင်အုံကို လက်ညိုးထိုးကာ ပျော်နေမိတာ အနာဂါတ်ဖြစ်လာမည့် သားသ္မီးတွေ မည်သို့ သိနိုင်မည်နည်း။ ထိုအရာတွေကို အသေးစိတ်အားဖြင့် မိခင်လောင်းနှင့် မိခင်တို့သာ သိနိုင်မည် အရာပင်ဖြစ်သည်။ သန္ဓေလွယ်စ မိခင်လောင်းသည်လည်း မိမိကိုယ်တိုင် ၀မ်းနဲ့လွယ်ထားသော သန္ဓေသားကို အပူ အစပ် အခါး မမှားရအောင် ရှောင်သင့်သော အစားအသောက်ရှောင်ကြဉ်၍ စားသင့်သော အစားအသောက်ကို ကိုယ်နဲ့ သင့်တော်သလို စားသောက်ရပြန်သည်။ တခါတရံ ဆရာဝန် ပြရန်လည်း လုပ်ရပြန်သည်။ တခါတရံ ကိုယ်လက် လေ့ကျင့်ခန်း လုပ်ရပြန်သည်။ တခါတရံ နေထိုင်ဖို့ရန် ဆင်ခြင်ကာ နေထိုင်ရ စသည် မြောက်များလှစွာသော တာဝန်ဝတ္တရားများကို လူ့လောကထဲ မရောက်လာသေးသော သားသမီးများ မည်သို့ သိနိုင်မည်နည်း။ သို့သော် အမေဆိုသော မိခင်လောင်းသည် မိခင်နိုင်ငံမှာ သားသမီးအတွက် ကာကွယ်စောင့်ရှောက်မှုအပြည့်နဲ့ စောင့်ရှောက်ပေးခဲ့သည်။ များမကြာမှီ မိခင်လောင်း၏ ကာလစေ့လို့ မွေးဖွားချိန်ရောက်သောအခါ မိခင်လောင်း၏ ခင်ပွန်းက လက်သည် သို့မဟုတ် ဆရာဝန်ပင့်၍ မွေးခန်းထဲမှာ မွေးဖွားဖို့အတွက် ပြင်ဆင်ရသည်။ ထိုအချိန်မှာ မိခင်လောင်းသည် ဗိုက်နာ စသည် ဝေဒနာကို အသက်ထွက်မတက် ခံစားနေရသည်။ ဆရာဝန်ရောက်လို့ မကြာမှီ မိခင်လောင်း၏ ခန္ဓာကိုယ်ပေါ်တွင် ချွေးတွေ ရေချိုးသကဲ့သို့ သားဇော သ္မီးဇော ချွေးများနဲ့ အသက်လုကာ မွေးဖွားနေရသည်။ မွေးဖွားလာပြန်သောအခါမှာလည်း အသက်ထွက်မတက် ခံစားရင်း မိခင်လောင်းသည် မြောနေသလို ဖြစ်နေပါလည်း မိမိမွေးဖွားပေးလိုက်သော ကလေးကို သားလား...သ္မီးလား...ဆိုတာ သိချင်ဇောဖြင့် အသက်ကို ပဓာနမထား နှုတ်မှ တတွက်တွက် မေးနေမိပြန်သည်။ ထိုအချိန်မှာ မိခင် သိလာသော သားသ္မီးကို ကြည့်ချင်လွန်းလို့ ပြသရန် တောင်းဆိုလာပြန်သည်။ ထိုတောင်းဆို ပြည့်ဝလာသော မိခင်သည် မိမိရင်မှ လွယ်မွေးရသော သားသ္မီးကို ချစ်လွန်းလို့ ဖြစ်လာသော အတိုင်းအတာမရှိသော မေတ္တာမှဆင်းသက်လာသော မိခင်နို့ရည်သည် သူမ၏ ရင်သားခေါင်လေးမှ ထွက်ကျလာပါသည်။ မိခင်ရင်သားခေါင်လေးသည် ပကတိအားဖြင့် သွေးသားနဲ့ တည်ဆောက်ထားသော အရာပင်ဖြစ်သည်။ ထိုအရာကို မည်သူမှ ငြင်းဆိုခြင်း မရှိသော်လည်း သွေးသားတွေကြားမှ မိခင်မေတ္တာကြောင့် နို့ရည်များဖြစ်ကာ သားသ္မီးတွေကို တိုက်ကျွေးခဲ့သည်။ သားသ္မီးတွေ အရွယ်ရောက်လာပြန်သည့်အခါ ပညာတက်ဖို့ရန်၊ သူတို့ ပတ်ဝန်းကျင် လှဖို့ရန်၊ လူမှုရေး ကောင်းဖို့ရန်၊ အတွေးခေါ် ကောင်းဖို့ရန်၊ အ၀တ်အစား ဆင်တက်ဖို့ရန်၊ အစားအသောက် စားတက် သောက်တက်ရန်၊ သူတော်ကောင်း ဖြစ်ဖို့ရန်၊ အိမ်ထောင်ဖက် ရွေးချယ်တက်ဖို့ရန် စသည်တို့ကို အမေက အကုန်ညွန်းကြားပေးခဲ့သည့် အတွက်ကြောင့် မိမိတို့ ဘ၀မှာ အဆင့်မမြင့်သော်လည်း အလယ်အလတ်တန်းသို့ ရောက်အောင် ပို့ဆောင်ခဲ့တာသည် မိခင်တို့ ကျေးဇူးပင်ဖြစ်သည်။ ယခုကဲသို့ အမေနေ့ ရောက်လာသည့်အခါမှာလည်း ကျွန်တော်တို့ သားသ္မီးတွေ အမေကို အတိုင်းအတာမရှိသော ကျေးဇူးတို့ဖြင့် ပြန်လည် ကျေးဇူးဆပ်ရန် ကျွန်တော်နှင့်သားသမီးဟုဆိုအပ်သော လူသားတိုင်း ပြုလုပ်ရမည်ဖြစ်သည်။ ထို့အပြင် ကျွန်တော်ဆိုလိုချင်တာသည် အမေနေ့မှ အမေကို ကျေးဇူးဆပ်ရန် မဟုတ်သေးဘူး နေ့စဉ် အမေရှိနေသမျှ ကာလပတ်လုံး အမေနေ့ပင်ဖြစ်သည်ဟု ဆိုလိုချင်ပါသည်။ အမေမရှိသောအခါကြမှ အမေနေ့လို့ ပြောနေရင်း ကျွန်တော်တို့ သားသမီး ဘ၀ ဘာမျှထူးလာမည် မဟုတ်ပါ။ အမေရှိနေတုန်း အမေနေ့သည် ကျွန်တော်အတွက် အကောင်းဆုံး အချိန်ပင် ဖြစ်သည်။ အများသတ်မှတ်ကြသော အမေနေ့သည်လည်း အမေနေ့ဖြစ်သလို အမေရှိသမျှ ကာလပတ်လုံးလည်း အမေနေ့ပင်ဖြစ်ပေသည်။ အမေရှိနေတုန်းမှာ အမေ၏ကျေးဇူးတရားတွေကို ကျွန်တော်တို့ ကျေးဇူးဆပ်ကြစို့ ဟု ကျွန်တော် နှလုံးသားထဲက ရင်တွင်းဖြစ်ကို တောင်းဆိုချင်ပါသည်။

" အမေ့ကျေးဇူး သိစေချင်"

ကမ္ဘာသင်္ချေ၊ မိုင်ကုဋေတို့၊ ဝေးကွာမြေခြား၊ ရောက်နေပါလည်း၊ အမေ့ကျေးဇူး၊ မမေ့သက်သေ၊ မင်း..ရှိစေသော်၊

ရေမြေသမုဒ်၊ မိုင်တွေထုတ်၍၊ ဝေးရေခြား၊ ရောက်နေပါလည်း၊ အမေ့ကျေးဇူး၊ မမေ့သက်သေ၊ မင်း...တည်စေသော်၊

တောတောင်ကာဆီး၊ ပင်လယ်ကြီးနဲ့၊ သမုဒ်ရေပြင်၊ ကာဆီးနေလည်း၊ ရောက်ရာအရပ်၊ ရောက်ရာဒေသ၊ ထိုဌာနမှာ၊ အမေ့ကျေးဇူး၊ မမေ့သက်သေ၊ မင်း..ရှိစေသော်၊

ထိုထိုကျေးဇူး၊ မြတ်ကောင်းမှုကို၊ ပြုလုပ်မူ၍၊ ကောင်းကျိုးချမ်းသာ၊ ရကြောင်းမှန်သည်၊ ခပ်သိမ်းလူများ၊ သိစေသော်၊

ထိုမှတဖန်၊ ပစ္စုပ္ပန်ဝယ်၊ အမေ့ကျေးဇူး၊ အထူးသိမြင်၊ သားလုလင်ကား၊ လူတွင်ထင်ရှား၊ သူမြတ်များဟု၊ အမေသမုတ်၊ ဘွဲ့ထူးထုတ်၏။

0 comments:

Post a Comment

No comments:

Post a Comment

We are discussion about Dhamma when we meet with us.

We are going to discuss about the nature Dhamma as a being and the element of nature for the purification of the truth and Nibbana. We find out final goal and pinnacle way of reaching Nibbana.

Share

Twitter Delicious Facebook Digg Stumbleupon Favorites