လောဘဟု ဆိုအပ်သော အကြောင်းတရားသည် မိမိ၊ သူတပါး၊ ငါ၊ သူ၊ မယား၊ ယောင်္ကျား၊ မိန်းမ ဟူသော လူသားတိုင်းတွင် ရှိကြသည်မှာ မည်သူမှ မငြင်းဆိုနိုင်ကြပါ။ သို့သော် အချို့သော သူတို့သည် “လောဘ ငါ့မှာ မရှိဟု” ဆိုကြသည်။ အဘယ်ကြောင့်ဆိုကြသနည်း ဆိုတာ မေးရမည် အမှန်ပင် ဖြစ်သည်။ လောဘဆိုသော အကြောင်းတရားသည် အရာဝတ္ထုတိုင်းကို လိုချင်တပ်မက်ခြင်း၊ ယှဉ်ပြိုင်သူကို အနိုင်ယူ လိုခြင်း၊ မရ ရအောင် ရယူလိုခြင်း၊ အမှန်တရားကို မမြင်နိုင်ခြင်း၊ အတိုင်းအတာမရှိခြင်း စသည်တို့သည် ဝင် ရောက်သဖြင့် အသိတရားများသည် ကင်းသည်၏ အဖြစ်သို့ ရောက်ခဲ့ကြသည်။ တချို့သော သူတို့သည် မိမိ တို့ ကိုယ်တိုင် မသိကြသဖြင့် လောဘကို “ငါတို့၏ လောဘသည် အလောဘဖြူ” ဟု ပြောဆိုကြသည်။
အဘယ်ကြောင့် လောဘမူလတရားတို့ကို အလောဘဖြူဟု ပြောဆိုကြသနည်း မေးသည်၏ အဖြစ် သို့ ရောက်ကြသည်။ သို့သော် လောဘမူလ အခြေခံထားသော အကြောင်းတရားသည် အလောဘဖြူ မဖြစ် သကဲ့သို့ အကုသိုလ်၏ မူလဖြစ်သော လောဘဟူသော တရားသည် မကောင်းသော တရားတို့ ဖြစ်သည်၏ အဖြစ်ကြောင့် အလောဘဖြူ မဖြစ်နိုင်ပါ။ ထို့အပြင် လောဘတရား ဖြူစင်သော ကုသိုလ်တရားတို့၏ ဆန့် ကျင်ဘက် ဖြစ်သည်၏ အဖြစ်ကြောင့် မည်သို့ပင် လောကဝေါဟာရ အရ ဖြူစင်သည်ဟု ဆိုပါစေ မဖြူစင်နိုင် သည်၏ အဖြစ်ဖြင့် လောဘတရားသည် ဖြူစင်သည်၏ အဖြစ်သို့ မရောက်နိုင်ပါ။ သို့သော် လောဘကို ဖြူ စင်စေချင်သောကြောင့်လည်းကောင်း၊ လောဘမူ၏ အကြောင်းတရားများကို သန့်ရှင်းစေချင်သောကြောင့် လည်းကောင်း၊ လောဘကင်းသော စိတ်ကို အလောဘဖြူ ဟု ခေါ်ဆိုနိုင်သည်။ ထို့အပြင် လောဘစိတ် မရှိသော ဖြူစင်သောစိတ် ဟုဆိုအပ်သော အလောဘကို ပညာ နှင့် ရောစပ်တက်သော စိတ်ကို အလောဘ ဖြူ ဟုလည်း ခေါ်ဆိုနိုင်ပေသည်။