Welcome To My Website From Buddha, Dhamma,and Samgha are for all of you
Buddha, Dhamma and Samgha are for all of you
Hello Welcome to my website This is my first project

Pages

Wednesday, November 23, 2011

သီတဂူ အလှူတော်

           “ နာမကျန်းသူတို့အား ပြုစုစောင့်ရှောက်ခြင်းသည်၊ ငါဘုရားအား ပြုစုစောင့်ရှောက်ခြင်း” ဆို သည့် ဘုရားဟော ဆုံးမစကားနဲ့ အညီ သီတဂူ ဆရာတော်ကြီးဦးဆောင်မှု့ဖြင့် သီတဂူ သာသနာပြု အဖွဲ့၏ ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းဖြစ်သော မျက်စိဒါန အာရောဂျဒါနဆိုတဲ့ လုပ်ဆောင်နေမှု့ကို တင်ပြပေးချင်ပါသည်။
              သီတဂူ အာရောဂျဒါန စက္ခူ့ဒါန ဆိုတဲ့ ဆေးရုံတွေ ဖွင့် လှစ်ကာ ကျန်းမာရေး စောင့်ရှောက် မှု့တွေကို ပြုလုပ်ပေးနေသည်မှာ အခုဆိုလျှင် မြန်မာနိုင်ငံရှိ ပြည်နယ်/တိုင်း အသီးသီးတို့တွင် သီတဂူဆေးရုံပေါင်း (၁၄)ရုံထိ ဖွင့်လှစ် နိုင်ခဲ့ပါသည်၊
                       ယ္ခုဆေးရုံ (၁၄) ရုံမြောက် ဆေးရုံကို ကရင်ပြည်နယ် မြိုင်ကြီးငူ အထူးဒေသ စုံနံ့သာမြိုင်ရွှေမြို့တော် တွင်  ၂၀၁၁ ခုနှစ် နိုဝင်ဘာလ(၁၄) ရက်နေ့ တွင် စည်ကား သိုက်မြိုက်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။
                        မနက်ခင်း အေးမြတဲ့ လေအေးအေးနဲ့ အတူ ကရင်ပြည်နယ် မြိုင်ကြီးငူအထူးဒေသရှိ DKBA တပ်ဖွဲ့ဆေးရုံရှေ့ဘက်ရှိ မြေကွက်လပ်ကြီးတွင် တည်ဆောက်ပြီးစီထားပြီ ဖြစ်သော သီတဂူ-မြိုင်ကြီးငူ အာရောဂျ ဒါန ဆေးရုံကြီး ဖွင့်လှစ်ခြင်း အခမ်းအနားကို ကျင်းပရန်အတွက် သီတဂူဆရာတော်ကြီး အမှုးပြုသော သံဃာတော်များ၊ မြိုင်ကြီးငူ အထူးဒေသမှ မြိုင်ကြီးငူ ဆရာတော် အမှုးပြုသော ဆရာတော် များ သီတဂူသာသနာပြုအဖွဲ့ဝင်များ၊ပြည်ထောင်စု မြန်မာနိုင်ငံတော် ပြည်နယ် အုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ မြိုင်ကြီးငူ အထူးဒေသမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည်သည်တော်များ၊ ဘာသာခြား ကိုယ်စားလှယ်တော်များ အလှု့ရှင်များ ရောက်ရှိ နေကြပါသည်၊ အခမ်းးအနား မစတင်မီ ဒေသခံ ကရင်ရိုးရာ ဒုံယိမ်းအကများဖြင့် ဧည်သည်တော်များကို ဧည့်ခံနေပါသည်၊                                                                                                         
                            ပထမပိုင်း အစီအစဉ်ကို စတင်ရာ  မနက် (၈)နာရီတွင် ဖွင့်ပွဲ အခမ်းအနားကျင်းပရာ မဏ္ဍပ်တွင်း၌ နေရာယူကြပြီး သီတဂူဆရာတော်ကြီး ကြွရောက်လာကာ နမောတဿ (၃) ကြိမ်ရွတ် ဘုရားရှစ်ခိုးကာ အခမ်းအနားကို စတင်လိုက်ပြီး သီတဂူ ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူကြသည်၊ ကြွရောက်လာကြသော သံဃာတော်များက  မေတ္တာသုတ်၊ ဗောဇ္ဈင်္ဂသုတ်၊ပုဗ္ဗဏှသုတ်များ ရွတ်ဆိုကြပြီး၊ မြိုင်ကြီးငူ ဓမ္မစင်္ကြာ အဖွဲ့သူများ  ဓမ္မဂီတတေးကဗျာကို ရွတ်ဆိုပူဇော်ကြပါသည်၊ ထို့နောက် ဓမ္မစင်္ကြာ အဖွဲ့ဝင်တစ်ဦးဖြစ်သူက    သီတဂူ-မြိုင်ကြီးငူ အာရောဂျဒါန ဆေးရုံတော် တေးထပ်ကို သီဆိုပူဇော်ပါသည်၊ သံဃာတော်များကို လှူဖွယ်များ ဆက်ကပ်လှူဒါန်းပြီး သီတဂူ ဆရာတော်ကြီးမှ အနုမောဒနာ တရားချီးမြှင့်ပါသည်၊
                                                             
                            ဆရာတော် ချီးမြှင့်သော တရားတော်မှာ တတိယ ရွှေကျင်သာသနာပိုင် ဒီပဲရင်းဆရာတော်ကြီးရဲ့ အဘိဓမ္မာအဖွင့် ကျမ်း  တစ်ခုဖြစ်တဲ့ ပဌမတ္တ စက္ခု့ဆိုတဲ့ ကျမ်းထဲက ဂါထာတစ်ပုဒ်နဲ့ ဘုန်းကြီး ရဟန်း(၃) ၀ါထဲက ကျက်မှတ် ဆုတောင်းခဲ့သည်။  “ငါသည် သူတစ်ပါး အကျိုးစီးပွားကို ဆောင်ရွက်နိုင်ရပါလို့၏။ ငါ၏ အကျိုးစီးပွားကို သူတစ်ပါးကလဲ ဆောင်ရွက်ရပါလို၏။” “ငါသည်ဘယ်သူ့ကိုမှ ဒုက္ခရောက်အောင် မလုပ်ပါရစေနဲ့။  ငါဒုက္ခရောက်အောင် လည်းဘယ်သူကမှ မလုပ်ပါစေနဲ့၊” နောက်ထပ်ဆုတောင်းတွေလဲ ဘုန်းကြီးမှာ ရှိသေးတယ်၊ အဲ့ဒီ့ဆုတောင်းတွေကို ငယ်ငယ်လေးထဲက တောင်းနေခဲ့တာ အသက်တော်လေး  ကြီးပြီး ဒီနေ့ အချိန်ထိတော်တော် တန်တန်လေးပြည့်လာခဲ့သည်။ ဘာကြောင့် ပြည့်ရသလဲပြောရင် ဘုန်းကြီးတို့ သီတဂူ ဆေးရုံပေါင်း ပြည်ထောင်စု မြန်မာနိုင်ငံမှာ ဒီကနေ့ဖွင့်လှစ်တဲ့ သီတဂူ-မြိုင်ကြီးငူ အာရောဂျဒါန ဆေးရုံ အပါအ၀င်  ဆေးရုံပေါင်း(၁၄) ရုံကိုဖွင့်လှစ်နိုင်ခဲ့ပါသည်။ (၁၃) ခုမြောက်ဆေးရုံကို  ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှာ ဖွင့်လှစ်ပြီး တောင်တန်းသာသနာပြု ဆေးရုံအဖြစ် လှူထားခဲ့သည်၊ တောင်ပေါ်ဒေသ ၁၀မိုင် ၁၅မိုင် ၂၀မိုင် ၃၀မိုင် ဝေးတဲ့ တောကြိုတောင်ကြားတွေက ကုန်းကြောင်းလျှောက်ပြီး လာကြတဲ့ သွေးချင်းသားချင်း ညီကိုမောင်နှမတွေမှာ မြန်မာစကားကို လူ၁၀ယောက်လာလျှင် ၃ယောက်လောက်သာ ပြောနိုင်ကြတယ်၊ တောင်ပေါ်က ဆင်းလာကြတဲ့သူတွေထဲမှာ ဗုဒ္ဓဘာသာမဟုတ်တဲ့ သူကလဲ ၁၀ယောက် တစ်ယောက်ပါဖို့ ခဲယဉ်းတယ်၊ အဲဒီ့လူတွေ အားလုံးလူပေါင်း(၄၀၀၀)ကျော်ပါတယ်၊ ထပ်မံ စစ်ဆေးမှု့တွေ  လုပ်ကာ ကုသပေးခဲ့ကြပါသည်၊
                    ခရစ်ယာန် မျက်မမြင်ကျောင်းက ကလေးများကိုလဲ သွားရောက် စစ်ဆေးပေးတဲ့ အခါမှာ ကလေး(၁၀)ယောက်လောက်က မျက်စိမြင်ဖို့  အလားအလာရှိ တယ်လို့ မျက်စိဆရာဝန်ကြီးများက စစ်ဆေးပြီး ပြောသောကြောင့်   အဲဒိ့ကလေး(၁၀)ကို လေယာဉ်ပျံ စရိတ်ပေးပြီး စစ်ကိုင်းခေါ်သွား မျက်စိခွဲတာ (၇)ယောက် မျက်စိမြင်သွားတယ်။စစ်ကိုင်းဆေးရုံကိုလာတုန်းက ကြိုးလေးတွေနဲ့ တန်းစီတွဲပြီး ခေါ်လာကြရတဲ့ ကလေးတွေ ခွဲစိပ်ကုသလို့လဲ ပြီးရော ကလေးတွေ ကိုယ့်လမ်းကိုယ် လျှောက်ပြီး  ထမင်းစားခန်း သွားတာတို့ ၊လေယာဉ်ပေါ်တက်တာကိုပါ ကိုယ့်ဘာသာ ကိုယ့်သွားနိုင် လျှောက်နိုင်ကြသွားသည်၊ဘုန်းကြီးတို့၏ အကျိုးကျေးဇူးက ဤမျှဘဲ၊ သူတစ်ပါးတို့ အကျိုးစီးပွား ရသွားရင် ၀မ်းသာတယ်၊ ဘုန်းကြီးတို့ သီတဂူ တဖွဲ့လုံးရဲ့မျှော်လင့်ချက်က သူတစ်ပါးတို့ရရှိသော အကျိုး ကျေးဇူးကိုကြည့်ပြီး  မိမိတို့ကိုယ်တိုင် ၀မ်းသာခြင်း၊ ချမ်းသာခြင်းဖြစ်ပါတယ်လို့ ဒါလေးယုံကြည် ထားပါသည်၊ဒီပဲရင်းဆရာတော်ကြီးရဲ့ ကျမ်းဂန် ထဲကဆုတောင်း ဒီကနေ့  အတော်အတန် ပြည့်လာတယ်လို့ ဆရာတော် မိန့်ဆိုသွားပါသည်။
                       ဒီဆုတောင်းတွေကို ဆက်လက်ဆုတောင်းနေဆဲပါ၊ ဒီထက်တိုးပြီးတော့ ဆောင်ရွက် နေရအောင် ဆုတောင်းတွေကို တိုးပြီး တောင်းနေရမှာပါ။နောက်ထပ်လဲ သီတဂူ အာရောဂျဒါနဆေးရုံတွေ ကိုလဲ တိုးတိုးပြီး ဖွင့်လှစ်သွား နိုင်အောင်ကြိုးစားမယ်ဆိုတာရယ်၊ ငါသည် သူတစ်ပါးအကျိုး စီးပွားကို ဖြစ်နိုင်သလောက် တတ်နိုင်သလောက် လုပ်ဆောင်မယ်ဆိုတဲ့ စိတ်ဓါတ်လေးတွေကို မွေးမြူကြပါလို့  မိန့်ဆိုသွားပါသည်၊
            မြိုင်ကြီးငူဆရာတော်ကြီး၏ ရွှေပြည်ဝင် တပည့်များဖြစ်ကြတဲ့ DKBA ဒကာ/မများက ပေါင်းစုပြီး ဆေးရုံ အဆောက်အဦး အတွက် ကုန်ကျငွေ သိန်းပေါင်း(၃၀၀၀)ကျော်နှင့် သီတဂူဆရာတော်ကြီး နှင့် သီတဂူ သာသနာပြု အဖွဲ့က ဆေးရုံ အတွက် သိန်ပေါင်း (၃၅၀၀)ကျော် တန်ဘိုးရှိ ဆရာဝန်သုံး၊ လူနာသုံး၊  အသုံးအဆောင်  ပစ္စည်းများနှင့် ရောဂါ စမ်းသပ်ကုသရေးဆိုင်ရာ စက်ပစ္စည်းများ၊ ဓါတ်မှန်စက်များ၊အထွေထွေ ခွဲစိပ်ခန်းနှင့် မျက်စိခွဲစိပ်ခန်း နှစ်ခန်းအတွက်ပါ ပစ္စည်းကိရိယာ အပြည့်အစ၊ုံ 100-KVA အားရှိ Cummis- အမျိုးအစား လျှပ်စစ် ဓါတ်အားပေးစက်  အသစ်ကိုလည်း တပ်ဆင်မောင်းနှင်နေပြီး တိကျပြည့်ဝသော လျှပ်စစ် ဓါတ်အားကိုရရှိစေပါသည်၊စုစုပေါင်း သိန်း(၆၅၀၀) ကျော်တန်ဘိုးရှိ  သီတဂူ-မြိုင်ကြီးငူ အာရောဂျဒါနဆေးရုံ နှင့် ပစ္စည်းအားလုံးကို သီတဂူဆရာတော်ကြီးနှင့် မြိုင်ကြီးငူ ဆရာတော်တို့က ကျန်းမာရေးဝန်ကြီး ဌာနသို့ လွဲပြောင်း အပ်နှံ လှူဒါန်းလိုက်ကြောင်းကိုပါ သီတဂူဆရာတော်ကြီးက ရေစက်ချတရား ဟောရင်းမိန့်ဆိုသွားပါသည်။

Saturday, November 5, 2011

မျက်မှောက်ခေတ်နှင့် ဗုဒ္ဓဘာသာ Current age of World and Buddhism

ယနေ့ခေတ်သစ်ကမ္ဘာကြီးတွင် (Modern world) တိုးတက်မှုအတိုင်းတာအားဖြင့် ကြည့်မည်ဆို လျှင် လွန်စွာတိုးတက်နေသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသို့တိုးတက်လာခြင်းသည် ကောင်းသော တိုးတက် ခြင်းဟု ဆိုလျှင်လည်းဖြစ်နိုင်သလို မကောင်းသောတိုးတက်ခြင်းဟုလည်း ဆိုနိုင်မည်သာဖြစ်သည်။ မည်သို့ နည်းဟု စဉ်းစားတွေးတောဖွယ်ရာ ရှိနိုင်ပါသည်။ အကြောင်းမှာ (Well development) ကောင်းသော တိုးတက်ခြင်းများသည် လူသားတို့ မိမိတို့ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်ကြရသော (Material things) ပစ္စည်းဥစ္စာများ၊ မိမိတို့ နှစ်သက်သော အရာဝတ္ထုများကို မိမိနှစ်သက်သလို သုံးစွဲနိုင်ခြင်းကြောင့်ဖြစ်သည်။
ထို့အပြင် မိမိတို့သည် ခေတ်ရေစီးကြောင်းအရ (Science age) သိပ္ပံခေတ်ကြီး ဖြစ်သည်အပြင် လက်နက် စက်ကရိယာ တန်ဆာပလာများ ကိုယ်တိုင်တီထွင်ခြင်း၊ မိမိတို့ကိုယ်တိုင် (From country to another) တစ်နိုင်ငံနှင့်တစ်နိုင်ငံ အလွယ်တကူ သွားလာနိုင်ခြင်း၊ မိမိတို့သင်ကြားအပ်သော အတက် ပညာများကို လေ့လာနိုင်ခြင်း၊ မိမိတို့ကိုယ်တိုင် လွယ်ကူစွာ (Communication) ဆက်သွယ်ရေး လုပ်ငန်း များ လုပ်ကိုင်နိုင်ခြင်း၊ မိမိတို့ ကိုယ်ပိုင်တက်သိသော အတက်ပညာများကို (Linking) ချိတ်ဆက်နိုင်ခြင်း၊ (Economy) စီးပွားရေး၊ (Association) လူမှုရေး၊ (Education) ပညာရေး၊ (Political item) နိုင်ငံရေး စသည်တို့ကို ဘာသာမခြား သင်ယူနိုင်ခြင်းတို့ ဖြစ်ပါသည်။

Thursday, September 15, 2011

အလင်းရောင် ငါ့လမင်း

ငါ့အတ္တရဲ့ ကမ္ဘာတွင်းမှာ
အလင်းရောင်ပေးသော လမင်းလေးဟာ
မင်းလေးပါလို့ သိတဲ့အချိန်
ငါဟာ မင်းနဲ့ဝေးသောနေရာမှာပေါ့..။

ငါအထီးကျန်သော ညသန်းခေါင်ယံမှာ
အဖော်ပြုကာ အလင်းရောင်လည်းပေး
အေးချမ်းမှုတွေပေးလို့ ငါ့စိတ်ကူးထဲ
ငါ့အသိထဲမှာ မင်းဟာ လမင်းလေးပေါ့..။

စိတ္တဇညမှာ ငါတယောက်တည်း
အထီးကျန်ရင်း အတွေးနယ်လွန်
စိတ္တဇဖြစ်နေဆဲ ဒီညလေးမှာ
လမင်းလေး ကွယ်ပျောက်နေပြီပေါ့..။

စစ်အသွင်ခိုးအချစ်

ငါ့လက်ထဲက ထွက်ခွာသွားသော
ကျည်ဆန်တစ်ချက်ဟာ အာကာဝေဟင်
ကောင်ကင်ပြင်ကို ထိုးဖောက်လို့
လမင်းရဲ့ ဗဟိုတည့်တည့်ကို
မှန်သွားသော်လည်း လမင်းဆီက
ပြန်ကျလာတဲ့ ငါ့ကျည်ဆန်ဟာ
အရာမထင် ပျောက်ဆုံးခဲ့ပြီ…။
                                                                       
ကျည်ချက်တိုင်းမှာ ပစ်မှတ်တွေနဲ့
ပြေးပေါက်မဲ့သော စက်ကွင်းတွေထဲ
ငါဟာ မင်းရဲ့ သားကောင်ဖြစ်ခဲ့
မင်းအကြည့်တွေရဲ့ ဒုန်းကျည်စက်ကွင်းမှာ
ထိချက်ပြင်းသော ဒုန်းကျည်အစတွေကြောင့်
အငိုက်မိကာ သေဆုံးသွားရသော
ငါ့နှလုံးသား ကျဆုံးခန်းသို့
မင်းအရှေ့မှာ ရောက်ခဲ့ရပြီ…။

စနိက်ဘာကို ဟန်ရေးပြကာ
ငါမာန်ဝံနေသော အစောင့်ကျသောည
မင်းက ပြောက်ကျားသူလျှိုလို
အငိုက်ဖမ်း အနိုင်တိုက်ချင်ခဲ့
ရာဇာဝင်တွင်သော သူလျှိုတွေထဲ
ထိပ်တန်းသူလျှို မင်းလေးကိုတော့
ငါ့နှလုံးသား ခဝါချကာ
ထောင့်ငါးရာ လက်နက်နဲ့ ပြည်ဗုံးက
လက်နက်ချခဲ့တာ မင်းကို ချစ်လို့ပါကွာ..။

အမှားရင်ခွင်

အချစ်ဆိုတာ လောဘသခင်
သောကရင်မှာ ဒေါသကိုခင်
ပြောမရရင် မောဟဖြစ်သွား
မင်းတို့ပြောတဲ့ အဲဒါ အချစ်တဲ့လား…။

မေတ္တာဆိုတာ သံယောဇဉ်ရဲ့
သံသယနဲ့ ပူလောင်နေသော
သောကမီးဖြင့် ပရိဒေဝဖြစ်သွား
မင်းတို့ပြောတဲ့ အဲဒါ မေတ္တာတဲ့လား…။

သစ္စာဆိုတာ အသွင်ခိုးသော
မုသားတွင်းမှာ တည်ခိုင်မြဲဖို့
ဥပါဒါန်ဖြင့် သရုပ်ဆောင်သွား
မင်းတို့ပြောတဲ့ အဲဒါ သစ္စာတဲ့လား..။

ငါ့နောင်တများ

ဌာနေအဝေး ကဗျာလေးဖြင့်
နှုတ်ခွန်းချိုသ လွမ်းပြသော်လည်း
ချစ်ညီမရယ် အလွမ်းမပြေ
ကျွမ်းလုပြီ ငါ့နှလုံးသားထဲ..။

ဝေးပြီဆိုမှ သိလာရသည့်
ချစ်ခြင်းမေတ္တာ ချစ်သဒ္ဓါက
ရင်မှာထိုးဖောက် တစ်မိုးအောက်သို့
တယောက်တည်းသာ ချစ်ခဲ့မိပြီ…။

ဒဏ်ရာတွေလည်း ရင်မှာမစဲ
တဆစ်ဆစ်နဲ့ ကိုက်ခဲနေဆဲ
ငါ့နှလုံးသားထဲ ဝင်ရောက်ကာရယ်
သခင်မြင်လှည့် ကြင်နာလှည့်ကွယ်…။

သူသိစေချင်

တသက်ကြင်နာ၊ ရင်ခွင်မှာတော့
ချစ်လာနှောင်ကြိုး၊ ဆထက်တိုးကာ
အငြိုးကြီးစွာ ချစ်မိပြီ....။

ဖြေခက်ဖြေခက်၊ ထားချန်ခက်သည့်
တသက်လက်တွဲ၊ ဖေါ်မွန်ပဲမို့
ခွဲလို့ မသွားချင်၊ သက်ဆုံးကြင်မည်
ရင်မှာသူတယောက်တည်းရယ်နော်။

We are discussion about Dhamma when we meet with us.

We are going to discuss about the nature Dhamma as a being and the element of nature for the purification of the truth and Nibbana. We find out final goal and pinnacle way of reaching Nibbana.

Share

Twitter Delicious Facebook Digg Stumbleupon Favorites