Welcome To My Website From Buddha, Dhamma,and Samgha are for all of you
Buddha, Dhamma and Samgha are for all of you
Hello Welcome to my website This is my first project

Pages

Wednesday, August 10, 2011

အခြေခံစိတ်၏ လောဘမူ

 ပရမတ္ထတရားတော်များသည် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗာန် ဟူ၍ လေးရှိကြသည်။ ထိုတွင် စိတ် သည် ပထမဦးဆုံး ဆိုရမည်ဖြစ်သည်။ စိတ်သည် လက္ခဏာအားဖြင့် တခုတည်းသာရှိသည်။ သို့သော် စိတ် သည် ဖွဲ့စည်းပုံ အနေအားဖြင့် အကုသိုလ်စိတ်ကို ရှေးဦးစွာဆိုခဲ့ကြသည်။ ထိုအကြောင်းအရာများသည် ရှေးဆရာတို့၏အလိုကျ သိရှိနိုင်သည်မှာ အဘိဓမ္မတ္ထသင်္ဂဟ လက်သန်းကျမ်းနှင့် အခြားသော ကျမ်းကြီး ကျမ်းငယ်တို့တွင် တွေ့ရှိနိုင်သည်။
ထို့ကြောင့် စိတ်သည် အဘယ်ကြောင့် အကုသိုလ်စိတ်ကို ရှေးဦးစွာ ဆိုကြသနည်းဟု မေးဖွယ်ရာရှိ သည်။ လူသားသည် မိမိတို့ မွေးဖွားလာသောအခါ ဘဝနိကန္တိကတဏှာ လောဘဖြင့် မွေးဖွားလာကြသည်။ ထို့အတူ လောဘသည် သဘာဝတရားဖြစ်သည့် စိတ်ဖြစ်သောကြောင့် အကုသိုလ်စိတ်သည် ရှေးဦးစွာ ဖြစ် သည်ဟု ရှေးဆရာတို့က ရေးသားခဲ့ခြင်း ဖြစ်သည်။ လောဘမူစိတ်သည် လူတို့၏ ဘဝအစကို စတင်သည့် အကုသိုလ်မူလ ဖြစ်သည်။ ထိုမူလတရားသည်လည်း လောဘမူလအားဖြင့် ကွဲပြာခြားနားစွာ ရှိခဲ့ကြသည်။ လောဘကို အဓိပာယ်ကို ဖွင့်ဆိုရလျှင် လိုချင်မှုဖြစ်သည်။ လူသားသည်လည်း မည်သို့သော အရာ မည်သို့ သော ကိစ္စ၊ မည်သို့သော အခြင်းအရာကို မဆို လိုချင်တပ်မက်ကြသည်။ ထိုတပ်မက်မှုကြောင့် မိမိ လိုချင် သော အရာဟူသမျှကို မရရအောင် ကျိုးစားခဲ့ကြသည်။ ဆက်ဖတ်ပါရန်
ထို့ကြောင့် လူသားများသည် မိမိဘဝကို စတင်သောအခါ မိမိတို့ လောဘတွေကို အနည်းနှင့်အများ မည်သို့အသုံးဝင်အောင် အသုံးချတက်ကြသည်။ တခါတရံ လောဘဆိုသော အကြောင်းတရားသည် တင်း တိမ်ရောင်ရဲခြင်း မရှိလောက်အောင် အစွန်းတဖက်သို့ ရောက်သွားကြသည်။ အခြားတဖက်တွင်လည်း မိမိ၏ လောဘက မိမိကိုယ်ကို သတ်သောကြောင့် အစွန်းရောက်အောင် မိုက်ရူးရဲဆန်သွားကြသည်။ လောဘ၏ သဘောသဘာဝကို မသိကြသော လူသားတို့သည် မိမိကိုယ်ကို မိမိတို့ မိုက်ရူးဆန်မှန်း မသိအောင် ဖြစ်ကြ သည်။ ထို့ကြောင့် လူသားတို့သည် လောဘသတ်သော ကမ္ဘာကြီးတွင်းသို့ တဖြေးဖြေး ရောက်လာခဲ့ကြ သည်။read more
ထိုကဲ့သို့သော လောဘကမ္ဘာကြီး အတွင်းသို့ ဝင်ရောက်လာသော လူသားတို့သည် အကျိုးတရား အကြောင်းတရား ဟူ၍ ကောင်းစွာ မသိနိုင်ကြသည့် အဖြစ်သို့ အနှေးနှင့်အမြန် ဖြစ်လာကြသည်။ ဤကဲ့သို့ အကျိုးအကြောင်း ကောင်းစွာမသိသော အကုသိုလ်မူလတရားသည် (၁) သူတပါးက မတိုက်တွန်းသော် လည်း မိမိကိုယ်တိုင် အမြင်မှားသော အသိတွေနှင့် သောမနဿတရားဖြင့် ယှဉ်တွဲလျက် ပြုလုပ်တက်ကြ သည်။ ထို့အပြင် (၂) သူတပါးက တိုက်တွန်းသဖြင့်လည်း မိမိကိုယ်တိုင် အမြင်မှားသော သောမနဿ တရားဖြင့် ယှဉ်တွဲ လျက်လည်း ပြုလုပ်ဖို့ရန် ဝန်မလေးကြသလို၊ အခြားတဖက်တွင်လည်း (၃) အမြင်မှား သော အသိတွေနှင့် သောမနဿတရားဖြင့် မယှဉ်တွဲသော်လည်း သူတပါးတို့က မတိုက်တွန်းသော်လည်း မိမိကိုယ်တိုင် ပြုလုပ် ကြသည်။ (၄) သူတပါးတို့က တိုက်တွန်းသဖြင့် အမြင်မှားသော အသိတရားတွေနှင့် သောမနဿတရားဖြင့် မယှဉ်တွဲသော်လည်း မိမိကိုယ်တိုင် ပြုလုပ်တက်ကြသည်။
(၅) မိမိကိုယ်တိုင် ဥပေက္ခာတရားဖြင့် အမြင်မှားသော အသိတရားနှင့် ယှဉ်တွဲကာ သူတပါးက မတိုက်တွန်းသော်လည်း ပြုလုပ်တက်ကြသည်။ (၆) မိမိကိုယ်တိုင် ဥပေက္ခာတရားဖြင့် အမြင်မှားသော အသိတရားနှင့် ယှဉ်တွဲကာ သူတပါးက တိုက်တွန်းသဖြင့် ပြုလုပ်တက်ကြသည်။(၇) မိမိကိုယ်တိုင် ဥပေက္ခာ တရားဖြင့် အမြင်မှားသော အသိတရားနှင့် မယှဉ်တွဲသဖြင့် သူတပါးက မတိုက်တွန်းသော်လည်း ပြုလုပ်ကြ သည်။ (၈) မိမိကိုယ်တိုင် ဥပေက္ခာတရားဖြင့် အမြင်မှားသော အသိတရားနှင့် မယှဉ်တွဲသဖြင့် သူတပါးက တိုက်တွန်းသော်လည်း ပြုလုပ်ကြသည်ကို ပေါင်းစပ်ကြည့်သော အဘိဓမ္မာသဘောတရားဖြင့် သိရှိနိုင်သည်။
ထို့ကြောင့် လူသားတို့၏ သဘာဝအဘိဓမ္မာနှင့် ဘုရားဟော အဘိဓမ္မာတို့ကို မိမိတို့ မြင်နိုင်သမျှ ပေါင်းစပ်ကာ ဤကား အကုသိုလ်မူလဖြစ်သော လောဘမူစိတ်၊ ဤကား အကုသိုလ်မူလဖြစ်သော လောဘ တရားတို့၏ အကျိုးအကြောင်းတွေဟု သိနိုင်ကြမည် ဖြစ်သည်။ ထိုကဲ့သို့သော အကျိုးအကြောင်းကို မသိနိုင် သမျှ ကာလပတ်လုံး သံသာရာ ဝဲဂယက်မှာ ကျင်လည်၍ နေကြအုန်းမည် ဖြစ်သည်။ ဤကဲ့သို့သော အကျိုး တရားနှင့် အကြောင်းတရားများသည် လူသားတို့အတွက် ပြန်၍ ဆန်းစစ်ကြည့်လိုက်သောအခါ အခြေခံဖြစ် သော သဘာဝတရားတွေပင် ဖြစ်သည်။ လူ့ဘဝအတိုင်းအတာ တခုတွင် တည်ရှိနေသော အခြေခံဖြစ်သော လောဘမူစိတ်သာ ဖြစ်သည်။

0 comments:

Post a Comment

No comments:

Post a Comment

We are discussion about Dhamma when we meet with us.

We are going to discuss about the nature Dhamma as a being and the element of nature for the purification of the truth and Nibbana. We find out final goal and pinnacle way of reaching Nibbana.

Share

Twitter Delicious Facebook Digg Stumbleupon Favorites