Welcome To My Website From Buddha, Dhamma,and Samgha are for all of you
Buddha, Dhamma and Samgha are for all of you
Hello Welcome to my website This is my first project

Pages

Sunday, May 1, 2011

မေတ္တာရှင်၏ နှလုံးသားစာပန်ချီ

အတိက်က သူတို့ရဲ့ ပမာပုံရိပ်လေးများ
လွန်ခဲ့သော နှစ်သုံးဆယ်ကျော်လောက်က ရွာလေးတစ်ရွာမှာ ဦးအောင်နှင့်ဒေါ်နွဲ့တို့ မိသားစုလေး နေ ထိုင်ကြပါသည်။ ထိုရွာလေးသည် စစ်တောင်းမြစ်ကမ်းခြေတွင် တည်ရှိပါသည်။ ၄င်းရွာအမည်မှာ အောင်ဇေယျ ကျေးရွာလေးဖြစ်သည်။ တနေ့သောအခါ အောင်ဇေယျရွာထဲက ဒေါ်နွဲ့တယောက် သားသ္မီးများနဲ့ အလုပ်တွေ ရှုပ်ပြီးနေပါသည်။ ဦးအောင်သည် အောင်ဇေယျရွာ၏ ရပ်မိရပ်ဖ လူကြီးတယောက်လည်းဖြစ် အပေါင်းအသင်း ကလည်းများလှသည့်အတွက်ကြောင့် သူငယ်ချင်းများ ဖိတ်ခေါ်သည့်အခါ ရံဖန်ရံခါ အရက်သော်မိပါသည်။ ထို သို့ အရက်သောက်မိနေသော ဦးအောင်ကို မယားဖြစ်သူဒေါ်နွဲ့က အမြဲလိုစကားပြောနေရသည်။
တနေ့……. ဦးအောင်ကို မယားဖြစ်သူက ပြောလိုက်ပါသည်။ “ကိုအောင် ရှင်..အိမ်မှာ အိမ်ထောင်ဦးစီး ဖြစ်ပြီး အလုပ်လုပ်ဖို့ ရှင်…မစဉ်းစားဘူးလား” ဒီမှာကလေးတွေကလည်း တဖြေးဖြေးနဲ့ ကြီးလာကြပြီဟု မယား ဖြစ်သူဒေါ်နွဲ့က ပြောသည်။ ဦးအောင်သည်လည်း မယားဖြစ်သူ ဒေါ်နွဲ့ကို ပြန်ပြောလိုက်ပါသည်။ “အချိန်တန် တော့ ဖြစ်လာမှာပေါ့” အခုတော့ ငါလည်းတက်နိုင်သလောက် လုပ်နေပါသည်ဟုပြောလိုက်သည်။
ထိုအချိန်မှာ ဦးအောင်သည် သူငယ်ချင်းများတိုက်သော ညနေစောင်းမှာ နေဝင်ပျို့တက် အရက် တ ခွက်ကြောင့် ယိုင်လုလုခန္ဓာကိုယ်ကို ထိန်းသိမ်းပြီ အိမ်ပေါ်သို့တက်လာသည်။ အိမ်ပေါ်သို့ ရောက်လာသော ဖခင်ဦးအောင်ကိုကြည့်နေသော သားသ္မီးများ၏မျက်ဝန်းအိမ်တွင် မျက်ရည်မိုးစက်လေးများ ကိုယ်ဆီရှိနေသည် ကို ဦးအောင် သိလိုက်သည်။ ဖခင်တယောက်၏ မေတ္တာသည် ထိုအချိန်မှာ မနေနိုင်အောင်ဖြစ်သည်။ ဦးအောင် သည် မိမိတက်လာသော လမ်းကြောင်းကိုပြန်လှည့်ကာ အိမ်နီးချင်း မိတ်ဆွေ သူငယ်ချင်း အိမ်သို့ရောက်ခဲ့ပြီး အကျိုးအကြောင်းများပြောပြကာ ဦးအောင်သည် သူငယ်ချင်းဆီမှာ အကူညီတောင်းလိုက်သည်။ “သူငယ်ချင်း.. ရေ… မင်းဆီ အခုငါလာတာ အကူညီတောင်းချင်လို့လာတာပါ မင်းငါ့ကိုကူညီပေးလို့ရမလား” ဟု ဦးအောင် သည် သူငယ်ချင်းဖြစ်သူကို မေးခွန်းတခု မေးလိုက်ပါသည်။ သူငယ်ချင်းဖြစ်သူက အဖြေ ပြန်ပေးလိုက်သည်။ “အေး..အေး ငါလည်း တက်နိုင်သလောက် မင်းကို ကူညီပေးရမှာပေါ့” မင်းနဲ့ ငါတို့က တစ်ရွာတည်းသားတွေပဲ ပြောစရာ လိုသေးသလား ဟု ပြန်ပြောလိုက်သည်။
ဆက်ဖတ်ပါရန်
သူငယ်ချင်းဖြစ်သူသည် ဦးအောင်၏အခက်ခဲကို ကူညီလိုက်ပါသည်။ ဦးအောင်လည်း ပျော်ရွှင်မှုဖြစ်ပြီး ဝမ်းသာလွန်းလို့ အပြုံးပန်းတွေ ဝေဝေဆာဆာနဲ့ အိမ်ပြန်လာခဲ့သည်။ အိမ်ပြန်လမ်းတလျှောက် တောသီချင်း လေးနဲ့ ယိုင်လုလုခန္ဓာကိုယ်က သယ်ဆောင်လာသော ဆန်၊ ဆီ၊ ဆား စသော ပစ္စည်းလေးများ ထိမ်းသိမ်းကာ ပြန်လာခဲ့သည်။ အိမ်အနီးသို့ရောက်လာသော ဦးအောင်သည် အမှတ်မထင် မယားဖြစ်သူဒေါ်နွဲ့၏ အသံကို ကြားလိုက်ပါသည်။ ထို့အသံသည် ဒေါ်နွဲ့၏ သားသ္မီးတွေကို မာန်မပါသော်လည်း ဟန်ပါပါ ဒေါသနဲ့ ချော့နေရ သော အသံဖြစ်သည်။ ကလေးများသည်လည်း ငိုငြီးသံတွေ ပတ်ဝန်းကျင်ကို ရိုက်ခက်နေပါသည်။
ထိုအချိန်မှာ ဦးအောင်သည် သူဆိုနေသော ဟိုတပိုင်း ဒီတပိုင်း တောသီချင်းလေး ဘယ်ပျောက်သွားမှန်း မသိ အောင်ဖြစ်သည်။ သီချင်းသံကို အဆုံးသတ်လို့ ဖခင်တယောက်၏ မေတ္တာစိတ်အပြည့်နဲ့ အိမ်ထဲသို့ ဝင်ရောက် လာသည်။ အငိုချော့သံစဉ် ဖြင့် “သားရေ……. သ္မီးရေ အဖေ ပြန်လာပြီး ဟေ…” ဟု ပတ်ဝန်းကျင် ရိုက်ခက် ငိုသံတွေကို ကျော်လွန်ကာ အုပ်သွားပါသည်။ ဦးအောင်၏ ဝမ်းသာသောသံစဉ်နှင့် မေတ္တာသံစဉ်တို့ကို ဒေါ်နွဲ့ နှင့် သူ၏သားသ္မီးများက ကြားကြကုန်၏။ မယားဖြစ်သူကိုလည်း တချိန်တည်းမှာ ဦးအောင်က လှမ်းပြော လိုက်သည်။ “မနွဲ့ ရေ... မိန်းမရေ…ချက်ပြုတ်ဖို့ ပစ္စည်းတွေကို လာယူပါအုန်း” ပြောလိုက်ချိန်မှာပင် ဒေါ်နွဲ့ လည်း လာယူလိုက်သည်။ ထိုအချိန်မှာ ဒေါ်နွဲ့သည် ဦးအောင်ကို ကြည့်လိုက်ပါသည်။ ဦးအောင်၏ ပင်ပန်း နေသောမျက်နှာနှင့် မချိအပြုံးကိုကြည့်ပြီး စိတ်မကောင်း ဖြစ်သွားပါသည်။
ထို့နောက် ဆန်၊ ဆီ၊ ဆားစသော ပစ္စည်းလေးများကိုယူလိုက်ပြီး မီးဖိုရှိရာသို့ ဒေါ်နွဲ့သည် ခြေလှမ်းမြန် မြန်ဖြင့် လှမ်းသွားပါသည်။ မီးဖိုထဲသို့ရောက်လျှင်ရောက်ခြင်း ချက်ပြုတ်ဖို့ရန် အသင့်ဖြစ်နေသော နေရာကို ဝင်ရောက် လုပ်ဆောင်လိုက်ပါသည်။ ချက်ပြုတ်နေသည့်အချိန်မှာ အမှောင်ထုက ကြီးစိုးနေသော်လည်း သား သ္မီးဇောနဲ့ ဒေါ်နွဲ့သည် အချိန်မှီ စားသောက်နိုင်ဖို့အတွက် လုပ်ဆောင်ရသဖြင့် မီးဖိုထဲမှာ ချွေးတွေ ရေချိုးသကဲ့ သို့ သူမ၏ခန္ဓာကိုယ်ပေါ်မှာ ချွေးတွေစိုနေသော်လည်း ချက်ပြုတ်မှုများ ပြီးဆုံးအောင် လုပ်ဆောင်နေပါသည်။ သူမ၏ ချက်ပြုတ်မှုသည် မကြာမှီ ပြီးဆုံးသွားပါသည်။ ထိုအချိန်မှာပင် သူတို့ရဲ့ ပတ်ဝန်းကျင် တခုလုံး တိတ် ဆိတ်နေသော်လည်း ဦးအောင်နှင့်ဒေါ်နွဲ့တို့နေအိမ်မှာ လှုပ်လှုပ်ရှားရှားနဲ့ ညစာ စားသောက်ဖို့အရေး အပြေး အလွား လုပ်နေရသည်။ ဦးအောင်သည် ဒေါ်နွဲ့ အလုပ်လုပ်နေသည်ကို မသိနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ဦးအောင်သည် အရက်မူးပြီး အိပ်ပျော်သွားခြင်းကြောင့် ဖြစ်သည်။ သို့သော် မယားဖြစ်သူ ဒေါ်နွဲ့၏ အကောင်း ဆုံး အငိုတိတ်ဆေးဖြစ်သော ညစာထ္မင်းကို သားဖြစ်သူများနှင့် သ္မီးဖြစ်သူတို့ကို အကောင်းဆုံး အိပ်ဆေးအဖြစ် ကျွေးလိုက်ပါသည်။ ထ္မင်းဝိုင်းတွင် မိခင်ဖြစ်သူ ဒေါ်နွဲ့သည် စားသောက်နေသော သားသ္မီးတွေကို ကြည့်နေရင်း မိခင်တို့၏ အနာဂါတ် အပြုံးပန်းလေး ပြုံးနေမိပါသည်။ ထိုအချိန်မှာ မိခင် ဒေါ်နွဲ့သည် ထ္မင်းမစားနိုင်သေးပါ။ အဘယ်ကြောင့် ဒေါ်နွဲ့သည် ထ္မင်းမစားနိုင်သနည်း သူမသည် ဦးအောင်ပြောခဲ့သော “အချိန်တန်ရင် ဖြစ်လာမှာ ပေါ့” စကားလုံးကို တစိတ်စိတ်တွေးရင်း စဉ်းစားနေခြင်းကြောင့်သာ ဖြစ်သည်။
မကြာမှီ အာမေဋိတ်တခုက ဒေါ်နွဲ့၏ ပါးစပ်အတွင်းက ထွက်ပေါ်လာသည်။ “အော်…ဦးအောင်.. ဦးအောင်..ရှင်..ကတော့ လောကကြီးအကြောင်းတွေကို မေ့ပြီအိပ်ပျော်သွားချေပြီ။ ကျွန်မ…ကတော့ လောကဓံ ရဲ့ အနိမ့်အမြင့်ကို သားတွေသ္မီးတွေ ရင်ခွင်ပိုက်ပြီ ခံစားနေရတာ ရှင်ကတော့..မသိရှာဘူး နော်..” ဟု အိမ်ရှင်မ ဖြစ်သူ ဒေါ်နွဲ့ စဉ်းစားပြီး တိုးတိုးလေးပြောနေသော လေပြေသံစဉ်ကို ထ္မင်းစားနေသော သားသ္မီးများ မသိနိုင် ချေ။ သို့သော် သားသ္မီးတွေရှေ့မှာ မချိအပြုံးလေးနဲ့ အနာဂါတ် မိခင်တို့ အပြုံးလေးများ ပြုံးနေမိပါသည်။ ပတ် ဝန်းကျင်မှာ နေ့စဉ်အလုပ်တွေနဲ့ ရှုပ်နေသော ဒေါ်နွဲ့သည် အပြုံးပန်း ဘယ်မှာပြုံးနိုင်မည်နည်း။ မည်သို့ပင်
ဆိုစေဦးတော့ ညအခါ မိသားစု ထ္မင်းဝိုင်းတွင် သားသ္မီးတွေနဲ့ ဆုံတွေ့တိုင်း ဒေါ်နွဲ့သည် မိခင်တို့ အနာဂါတ် မျက်လုံး၊ အနာဂါတ်အပြုံးတွေနဲ့ သားသ္မီး တွေကိုကြည့်ရင်း အမြဲပြုံးနေမိပါသည်။
တနေ့သောအခါ ဒေါ်နွဲ့သည် ဈေးရောင်းပြီး အိမ်အပြန်မှာ လမ်းလျှောက်ရင်း အတွေးပင်လယ် ဝေနေ ပါသည်။ ဒေါ်နွဲ့တယောက် အိမ်ရှေ့သို့ရောက်လာသော်လည်း အတွေးသံသာရာမှာမူ မပြတ်သေးချေ။ အတွေး ကောင်းနေသော ဒေါ်နွဲ့သည် အိမ်ကိုလွန်သွားသည်ကို မသိလိုက်ပါ။ အိမ်ထဲမှာရှိသော သ္မီးဖြစ်သူက လှမ်းခေါ် လိုက်သည်အခါမှာ ဒေါ်နွဲ့သည် အတွေးဖြတ်တောက် အိမ်သို့ ရောက်ခဲ့ချေပြီ။ အိမ်သို့ ရောက်လာသောအခါ နေ့စဉ်အလုပ်တွေကို လုပ်ကိုင်နေပါသည်။ ထိုအချိန်ကာလသည် ဦးအောင် ဒေါ်နွဲ့တို့ ဖြတ်သန်းလာသော ခရီး သည် ဘဝတဝက်သို့ ရောက်လာခဲ့ပါပြီ။ သို့သော် ဦးအောင် ဒေါ်နွဲ့တို့ ဘဝတလျှောက်လုံး ပင်ပန်းခဲ့သော်လည်း သာယာသော အိမ်ထောင်ရေး လူမူရေး ဘာသာရေးအားလုံး အဆင်ပြေအောင် လျှောက်လှမ်းခဲ့ကြသည်။ သူ တို့ဖြတ်သန်းသော ဘဝတကွေ့မှာ ကံကြမ္မာရဲ့ သားကောင်တွေအနေနဲ့ လောကဓံ၏ရိုက်ပုတ်ချက်ကြောင့် ဘယ်လောက်ပင် ပင်ပန်းဆင်းရဲခြင်း၊ တခဏ ချမ်းသာခြင်း၊ တစက္ကန့်လောက်သော ချီးမွှမ်းမူနှင့် ခုနှစ်ရက် လောက် ကဲရဲ့မှုစသော လောကဓမ္မတရားတွေကြောင့် ရင်ဆိုင်ရသော်လည်း အဆင်ပြေအောင် သူတို့အိမ် ထောင်ရေး လူမူရေး ဘာသာရေးအားလုံးတို့ကို ထိန်းသိမ်းခဲ့ပါသည်။

0 comments:

Post a Comment

No comments:

Post a Comment

We are discussion about Dhamma when we meet with us.

We are going to discuss about the nature Dhamma as a being and the element of nature for the purification of the truth and Nibbana. We find out final goal and pinnacle way of reaching Nibbana.

Share

Twitter Delicious Facebook Digg Stumbleupon Favorites