Welcome To My Website From Buddha, Dhamma,and Samgha are for all of you
Buddha, Dhamma and Samgha are for all of you
Hello Welcome to my website This is my first project

Pages

Thursday, May 27, 2010

မဟာသမယနေ့ထူးနေ့မြတ်

ကျွန်တော်တို့မြန်မာလူမျိုးတွေဟာ၊ တနှစ်ပတ်လုံးလအလိုက်ပွဲတော်တွေ ကျင်းပလေ့ရှိကြပါတယ်၊တန်ခူးမှာသင်္ကြန်၊ကဆုန်ကြတော့ညောင်ရေသွန်း
ဟော..အခုနယုန်ကြပြန်တော့..မဟာသမယသုတ်ရွတ်ဖတ်ပူဇော်ပွဲ။တချိ့လ
နှင့်တချို့ပွဲတော်တွေက..မြန်မာ့ရိုးရာဓလေ့ပွဲတော်..တချို့ကဘာသာရေးပွဲ၊

အခုကျင်းပတဲ့ပွဲကတော့ဘာသာရေးပွဲတော်စစ်စစ်၊ဗုဒ္ဓဘာသာပွဲတော်ပေါ့ဗျာ၊

မဟာဆိုတာက၊ကြီးမြတ်ခြင်း၊ကြီးကျယ်ခြင်း၊ထူးမြတ်ခြင်းတဲ့၊ သမယ၊ဆိုတာက

တော့၊အခါကာလ၊အချိန်တဲ့၊ ဒီတော့ကား..မဟာသမယ၊ကြီးကျယ် ထူးမြတ်တဲ့
အချိန်ကာလပေါ့ဗျာ၊ဒီနယုန်လပြည့်နေ့ဟာ၊ထူးမြတ်တဲ့နေ့လို့ဆိုလို တာပေါ့ဗျာ၊
နယုန်လပြည့်နေ့ရဲ့ကြီးကျယ်ထူးမြတ်ပုံ၊မဟာသမယလို့အမည်တွင်ပုံ၊
မဟာသမယနေ့ဖြစ်ပေါ်လာပုံတွေက၊ဒီလိုဗျ…ဒီလို…

မြတ်ဘုရားရှင်လက်ထက်က..ကပိလ၀တ်ပြည်သားတွေနှင့်၊ကောလိ ယပြည်သား

တွေပြဿနာဖြစ်ကြသတဲ့၊ ဖြစ်စကတော့နှစ်ပြည်ထောင်လယ်သ မားတွေပါ၊
သိကြတဲ့အတိုင်းပဲလေ၊ လယ်သမားတွေဖြစ်တဲ့ပြဿနာဆိုမှတော့ လယ်ယာမြေ
နှင့်စပ်တဲ့ပြဿနာပေါ့ဗျာ၊လယ်ယာမြေဆိုတာကလဲ၊လယ်သမား တွေရဲ့အသက်
ကိုးဗျ၊ဒီတော့လဲဖြစ်ပြီပေါ့ပြဿနာ၊၊ဖြစ်ပုံက၊လယ်ယာမြေစိုက် ချိန်မှာရေလိုကြ
သကိုး၊ ရေကလည်း၊ရောဟိနီမြစ်ကနေမှရပြန်၊ ဒီရောဟိနီမြစ် ဆိုတာကလဲ၊နှစ်
ပြည်ထောင်အလယ်ဗဟိုကနေစီးပြန်ဆိုတော့၊သူအရင်သုံးမည်၊ငါအရင်သုံးမည်၊
ဖြစ်ကုန်ကြတာပေါ့၊နှစ်စဉ်နှစ်တိုင်းတော့အစဉ်ပြေပါရဲ့၊ ဒီနှစ်မှာတော့အစဉ်မပြေ
နိုင်တော့ဘူးလေ၊မိုးကခေါင်တာကိုး၊ဒီနှစ်လယ်သမားတွေအတွက်ရေကလုံလုံ
လောက်လောက်မရနိုင်တော့ဘူးကိုး၊ဒီတော့လဲဖြစ်ပြီပေါ့ပြဿနာ၊
..အဲ..လယ်သမားတွေဖြစ်တဲ့ပြဿနာက၊လယ်သမားတွေတင်မ ပြီးဘူး၊နှစ်ပြည်
ထောင်မင်းညီမင်းသားတွေဆီရောက်ပါရော၊ဒီတော့လဲပြဿနာ ကမငြိမ်းတော့ဘူး
လေ၊ကြီးသထက်ကြီးပြီးနှစ်ပြည်ထောင်စစ်ခင်းရမယ့်အခြေအနေရောက်ကရောပဲ၊
တဖက်နှင့်တဖက်အလျှော့မပေးကြပဲ၊သွေးချောင်းစီးစစ် ပွဲကြီးစစ်ခင်းဖို့စိုင်းပြင်ကြ
ပါလေရော၊

ဒီနှစ်ပြည်ထောင်ဆိုတာကလဲ၊သူစိမ်းတွေမှမဟုတ်ကြဘဲ၊၀မ်းကွဲညီကို တူရီးတွေလေ၊မြတ်ဘုရားရှင်ရဲ့ဆွေမျိုးရင်းခြာတွေလေ၊ဒီတော့မြတ်ဘုရားရှင် ကငြိမ်းချမ်းရေးတရား၊စေ့စပ်ရေးတရားတွေဟောကြားကြရတော့တာပေါ့၊ ဒီလိုဟောတဲ့နေရာမှာ၊မြတ်ဘုရားရှင်က၊သာဓကတွေအနေနဲ့၊
1။ ။ဝက်ဝံနှင့်ရုက္ခစိုး၊ရန်ငြိုးထားရာကနှစ်ဦးလုံးပျက်စီးကြရပုံ၊
2။ ။အကြာက်ကြီးပြီး၊စဉ်းစားဆင်ခြင်ဝေဘန်မှုမရှိတဲ့။ယုန်တကောင်စကား

ကြောင့်၊ ဥသျှစ်သီးကြွေတာကို၊ကမ္ဘာပြိုတယ်မှတ်ပြီပြေးကြလို့၊တိရိစ္ဆာန
တေဒုက္ခတွေ့ကြရပုံ၊
3။ ။တဖက်သားကိုအားနည်းတယ်ထင်ပြီးအထင်သေးအနိုင်ယူလိုပါကလွယ်
ကူသည့်ကိစ္စမဟုတ်၍အထင်မသေးသင့်ကြောင်းကို၊အားကြီးတဲ့ဆင်ပြောင်
ကြီးကိုနှံစုတ်ငှက အနိုင်ယူနိုင်ခဲ့သည့်သာဓကရှိပုံ၊
4။ ။ငှက်များရဲ့အချင်းချင်းမညီညွတ်မှုကြောင့်၊ ငှက်မုဆိုးရဲ့ပိုက်ကွန်မှာငှက်

များအမိခံ ကြရပုံ၊
5။ ။သစ်ပင်များတစုတဝေးတည်းတည်ရှိနေမှုကြောင့်၊လေဒဏ်မိုးဒဏ်ကိုမပြိ
မလဲ၊ ကြံ့ကြံ့ခံနိုင်ပုံ၊
6။ ။မိမိစိတ်၊မိမိကိုယ်ကိုထိန်းသိမ်းနိုင်ပါကအရာရာအောင်မြင်နိုင်ပုံ၊ ဥပမာ(၆)

ရပ်ပြ ပြီးတရားရေအေး၊ တိုက်ကြွေးကာ၊စေ့စပ်ရေးတရားဟောကြားခဲ့ပါ
တယ်၊ဒီတော့မှနှစ်ပြည်ထောင်သားတွေဟာ၊အမှန်မြင်၊အမှားပြင်လို့ငြိမ်းချမ်း
ရေးရခဲ့ကြပါတယ်၊အဲ..ဒါတင်ကပါရိုးလား…နှစ်ပြည်ထောင်ကမင်းသားပေါင်း
(၅၀၀)ငါးရာ၊သာသနဘောင်ဝင်ပြီးတရားအားထုတ်လိုက်တာ၊ရဟန္တာတွေ
တောင်ဖြစ်ကရောပဲဗျ၊ စင်္ကြာဝဠာကနတ်ဗြဟ္မာတွေနဲ့သတ္တ၀ါတွေကလဲလာ ရောက်တရားနာယူကြရာကတရားထူးတွေရကရောပဲဗျ၊အဲဒီနေ့ဟာ.နယုန်လ
ပြည့်နေ့ပေါ့ဗျာ၊ ဒါကြောင့်ထူးခြားတဲ့နေ့၊ထူးမြတ်တဲ့နေ့၊ကြီးကျယ်မြင့်မြတ်တဲ့
နေ့၊ မဟာသမယနေ့လို့ဆိုသပေါ့ဗျာ၊

အဲ….ဒီလိုထူးခြားတဲ့ကိစ္စတွေနှင့်ပြည့်စုံနေတဲ့နယုန်လပြည့်နေ့မှာ…ထပ် လောင်းထူးခြားစေခဲ့တဲ့အဖြစ်အပျက်တခုကတော့၊သာသနာတော်ကိုအားဖြည်

ပေးမယ့်ဘိက္ခုနီသာသနာပေါ်လာဖို့စတင်အခြေပျိုးခဲ့တာပါပဲ...ခင်ဗျား.

0 comments:

Post a Comment

No comments:

Post a Comment

We are discussion about Dhamma when we meet with us.

We are going to discuss about the nature Dhamma as a being and the element of nature for the purification of the truth and Nibbana. We find out final goal and pinnacle way of reaching Nibbana.

Share

Twitter Delicious Facebook Digg Stumbleupon Favorites