
မာတာ ယတာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ' မနုရက္ခေ။ ဧ၀မ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။ ဟူသော မြတ်ဗုဒ္ဓ ဟောကြားတော်မူအပ် ပါဠိတော်ကို ထောက်၍ ကြည့်မည်ဆိုလျှင် အမေဟူသော ဂုဏ်ပုဒ်ကို ပြောပြနိုင်းစွမ်း မရှိလောက်အောင်ပင် ဖြစ်သည်။ အမေဟူသည် သားသ္မီးတွေကို အာယုသ သမံကတွာ အသက်ရင်းနှီးပြီး ချစ်မြတ်နိုးခဲ့သည်။ ဘ၀ဿ သမံကတွာ ဘ၀နဲ့ ရင်းနှီးပြီးလည်း ချစ်မြတ်နိုးခဲ့သည်။ ဟဒယဿ သမံကတွာ နှလုံးသားနဲ့ ရင်းနှီးပြီး ချစ်မြတ်ခဲ့တာသည် အမေ ဟု ခေါ်သည်။ အမေမေတ္တာသည်ပင် အပရိမာဏ မေတ္တာမျိုးဖြင့် တနည်းပြောရလျှင် အတိုင်းအတာ ပမာဏ မရှိသော မေတ္တာမျိုးဖြင့် သားသ္မီးတွေအပေါ် ချစ်မြတ်နိုးခဲ့ကြသည်။ ထို့အပြင် ကမ္ဘာပေါ်ရှိကြသော အမေဟု ခေါ်အပ်သော ပုဂ္ဂိုလ်တိုင်းသည် အပရိမာဏ မေတ္တာမျိုးဖြင့် သားသ္မီးတွေကို...