Welcome To My Website From Buddha, Dhamma,and Samgha are for all of you
Buddha, Dhamma and Samgha are for all of you
Hello Welcome to my website This is my first project

Pages

Monday, August 15, 2011

အမေ

အမေ

သူဟာ….သဘင်သည်လည်း မဟုတ်ဘူး
စာပေသမားလည်း မဟုတ်ဘူး
သမိုင်းပညာရှင်လည်း မဟုတ်ဘူး
အငိုအပြုံးလည်း မတက်ဘူး
ဒုက္ခသည်လည်း မဟုတ်ဘူး

Sunday, August 14, 2011

လောဘမူစိတ်ကင်းသော အလောဘဖြူ

လောဘဟု ဆိုအပ်သော အကြောင်းတရားသည် မိမိ၊ သူတပါး၊ ငါ၊ သူ၊ မယား၊ ယောင်္ကျား၊ မိန်းမ ဟူသော လူသားတိုင်းတွင် ရှိကြသည်မှာ မည်သူမှ မငြင်းဆိုနိုင်ကြပါ။ သို့သော် အချို့သော သူတို့သည် “လောဘ ငါ့မှာ မရှိဟု” ဆိုကြသည်။ အဘယ်ကြောင့်ဆိုကြသနည်း ဆိုတာ မေးရမည် အမှန်ပင် ဖြစ်သည်။ လောဘဆိုသော အကြောင်းတရားသည် အရာဝတ္ထုတိုင်းကို လိုချင်တပ်မက်ခြင်း၊ ယှဉ်ပြိုင်သူကို အနိုင်ယူ လိုခြင်း၊ မရ ရအောင် ရယူလိုခြင်း၊ အမှန်တရားကို မမြင်နိုင်ခြင်း၊ အတိုင်းအတာမရှိခြင်း စသည်တို့သည် ဝင် ရောက်သဖြင့် အသိတရားများသည် ကင်းသည်၏ အဖြစ်သို့ ရောက်ခဲ့ကြသည်။ တချို့သော သူတို့သည် မိမိ တို့ ကိုယ်တိုင် မသိကြသဖြင့် လောဘကို “ငါတို့၏ လောဘသည် အလောဘဖြူ” ဟု ပြောဆိုကြသည်။
အဘယ်ကြောင့် လောဘမူလတရားတို့ကို အလောဘဖြူဟု ပြောဆိုကြသနည်း မေးသည်၏ အဖြစ် သို့ ရောက်ကြသည်။ သို့သော် လောဘမူလ အခြေခံထားသော အကြောင်းတရားသည် အလောဘဖြူ မဖြစ် သကဲ့သို့ အကုသိုလ်၏ မူလဖြစ်သော လောဘဟူသော တရားသည် မကောင်းသော တရားတို့ ဖြစ်သည်၏ အဖြစ်ကြောင့် အလောဘဖြူ မဖြစ်နိုင်ပါ။ ထို့အပြင် လောဘတရား ဖြူစင်သော ကုသိုလ်တရားတို့၏ ဆန့် ကျင်ဘက် ဖြစ်သည်၏ အဖြစ်ကြောင့် မည်သို့ပင် လောကဝေါဟာရ အရ ဖြူစင်သည်ဟု ဆိုပါစေ မဖြူစင်နိုင် သည်၏ အဖြစ်ဖြင့် လောဘတရားသည် ဖြူစင်သည်၏ အဖြစ်သို့ မရောက်နိုင်ပါ။ သို့သော် လောဘကို ဖြူ စင်စေချင်သောကြောင့်လည်းကောင်း၊ လောဘမူ၏ အကြောင်းတရားများကို သန့်ရှင်းစေချင်သောကြောင့် လည်းကောင်း၊ လောဘကင်းသော စိတ်ကို အလောဘဖြူ ဟု ခေါ်ဆိုနိုင်သည်။ ထို့အပြင် လောဘစိတ် မရှိသော ဖြူစင်သောစိတ် ဟုဆိုအပ်သော အလောဘကို ပညာ နှင့် ရောစပ်တက်သော စိတ်ကို အလောဘ ဖြူ ဟုလည်း ခေါ်ဆိုနိုင်ပေသည်။

အမေတို့၏ ရိုးသားခြင်းဂုဏ်

သူ....စာပေသမိုင်းအကြောင်း မသိဘူး
ကမ္ဘာသမိုင်းအကြောင်း မသိဘူး
လူ့သမိုင်းအကြောင်း မသိဘူး
အာဖဂန်မှာ စစ်ဖြစ်တာ မသိဘူး
ဆိုမားရီးယားစစ်သမိုင်း မသိဘူး
အမေရိကန်စစ်သမိုင်း မသိဘူး
ပြင်သစ်စစ်သမိုင်း မသိဘူး

Wednesday, August 10, 2011

အခြေခံစိတ်၏ လောဘမူ

 ပရမတ္ထတရားတော်များသည် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗာန် ဟူ၍ လေးရှိကြသည်။ ထိုတွင် စိတ် သည် ပထမဦးဆုံး ဆိုရမည်ဖြစ်သည်။ စိတ်သည် လက္ခဏာအားဖြင့် တခုတည်းသာရှိသည်။ သို့သော် စိတ် သည် ဖွဲ့စည်းပုံ အနေအားဖြင့် အကုသိုလ်စိတ်ကို ရှေးဦးစွာဆိုခဲ့ကြသည်။ ထိုအကြောင်းအရာများသည် ရှေးဆရာတို့၏အလိုကျ သိရှိနိုင်သည်မှာ အဘိဓမ္မတ္ထသင်္ဂဟ လက်သန်းကျမ်းနှင့် အခြားသော ကျမ်းကြီး ကျမ်းငယ်တို့တွင် တွေ့ရှိနိုင်သည်။
ထို့ကြောင့် စိတ်သည် အဘယ်ကြောင့် အကုသိုလ်စိတ်ကို ရှေးဦးစွာ ဆိုကြသနည်းဟု မေးဖွယ်ရာရှိ သည်။ လူသားသည် မိမိတို့ မွေးဖွားလာသောအခါ ဘဝနိကန္တိကတဏှာ လောဘဖြင့် မွေးဖွားလာကြသည်။ ထို့အတူ လောဘသည် သဘာဝတရားဖြစ်သည့် စိတ်ဖြစ်သောကြောင့် အကုသိုလ်စိတ်သည် ရှေးဦးစွာ ဖြစ် သည်ဟု ရှေးဆရာတို့က ရေးသားခဲ့ခြင်း ဖြစ်သည်။ လောဘမူစိတ်သည် လူတို့၏ ဘဝအစကို စတင်သည့် အကုသိုလ်မူလ ဖြစ်သည်။ ထိုမူလတရားသည်လည်း လောဘမူလအားဖြင့် ကွဲပြာခြားနားစွာ ရှိခဲ့ကြသည်။ လောဘကို အဓိပာယ်ကို ဖွင့်ဆိုရလျှင် လိုချင်မှုဖြစ်သည်။ လူသားသည်လည်း မည်သို့သော အရာ မည်သို့ သော ကိစ္စ၊ မည်သို့သော အခြင်းအရာကို မဆို လိုချင်တပ်မက်ကြသည်။ ထိုတပ်မက်မှုကြောင့် မိမိ လိုချင် သော အရာဟူသမျှကို မရရအောင် ကျိုးစားခဲ့ကြသည်။

We are discussion about Dhamma when we meet with us.

We are going to discuss about the nature Dhamma as a being and the element of nature for the purification of the truth and Nibbana. We find out final goal and pinnacle way of reaching Nibbana.

Share

Twitter Delicious Facebook Digg Stumbleupon Favorites