လောကကြီးမှာရှိကြသော လူသားတို့အတွက် ကောင်းကျိုးကိုသာရည်ရွယ်၍ ဤစာသားကို ရေးသားရခြင်းဖြစ်သည်။ ထို့ကြောင့် စာပေကိုမြတ်နိုးကြသော စာပေပရိတ်သတ်အတွက် အမှားအယွင်းပါခဲ့ပါလျှင် အကြံပေးပါရန် ရှေးဦးပထမ အနူးညွတ်ပြောပါရစေ။ ယ္ခု စာရေးသူအနေ ဖြင့် ထက်၍ဆိုချင်သည်မှာတိုက်ဆိုင်မှုလေးတွေရှိခဲ့ပါလျှင်လည်း ခွင့်ပြုပေးပါရန်ပြောဆိုအပ်သည်။ ယခုအခါ ဤစာအုပ်လေးကို ရေးသားရခြင်းသည် အကောင်းကိုသာ ရည်ညွန်းစေချင်ပါသည်။ အဘယ်ကြောင့်လည်းဆိုရသည်မှာ ချမ်းသာခြင်း၏ရလာဒ်သည် လောကလူသားတိုင်းကလိုချင် တောင်းတခြင်းကြောင့်သာဖြစ်ပေသည်။ သို့သော်ပညာသင်ကြားရန်ပင်မေ့လျှော့သွားကြသည် အမှန်ပင်ဖြစ်ပေသည်။ ထိုအရာတွေကို ပြန်၍ စဉ်းစားကြလျှင် ပထမအရွယ်တွင် စာပေသင်ကြား ရန်လိုပေသည်။ ထိုသို့ဆိုရခြင်းမှာ ရှေးထုံးကို မပယ်မူ၍ထက်ဆိုဦးအံ။ ရှေးပညာရှိတို့၏ အယူအဆ အတွေးအခေါ်သည် နောက်နောက်သော ပညာရှင်တို့အတွက်လက်နက်ကောင်းသဖွယ် ပင်ဖြစ်သည်ဆိုသည်မှာ အမှန်ပင်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသောအောက်ပါလင်္ကာကို ကြည့်၍သိနိုင်ပါသည်။
ပညာတန်ဆောင်၊ ဥာဏ်အရောင်ကား
မိုက်မှောင်ဖျောက်ပယ်၊ ချမ်းသာကြွယ်၏
တင့်တယ်ကြီးပွား၊ ကျင့်တရားကား
ထား စား ရင်းနှီး၊ သိုမှီးအထူး
ဆည်းပူးဒါန၊ သီလ ကိုယ်ကျင့်
နှိုင်းချင့်ပညာ၊ မကွာသတိ
အမြဲရှိသည်၊ က၀ိသူမွန် ကျင့်ထုံးတည်း.......။ ။ ဟူ၍
ရှေးရှေးက၀ိသူမွန်တို့၏ လင်္ကာကိုထောက်ဆသောအားဖြင့် ယခုအခါစာရေးသူသည် ဤ ချမ်းသာခြင်း ၏ ရလာဒ်ပညာ ကို ရေးသားခြင်းဖြစ်ပါသည်။ ခေတ်ပညာရေးတို့သည် ဒီရေပမာကဲ့သို့ တိုးတက်လာ သော ဒီခေတ်ဒီအခါသည် ပညာရေးတိုးတက်သည်နှင့်အမျှ သိပ္ပံအတက်ပညာတို့သည်လည်း တနေ့တခြား တိုးတက်နေပေသည်။ လူသားတိုင်း လူသားတိုင်း တစ်ဦးချင်းဆီမှာ အတက်ပညာ တစ်ခု သို့မဟုတ် ပညာရပ် တစ်ရပ်ရှိနေပြီဖြစ်သော်လည်း စာရေးသူအနေဖြင့် ဘ၀င်မမျှဖြစ်နေမိပါသည်။ သို့သော် လူတော်လူမွန် မရှာသော ဒီခေတ် ဒီအခါ၌ကား တော်လွန်း ချွန်လွန်းသော လူည်ချွန်များပြား သည်ထက်များပြားစေရန်အတွက် စာရေးသူသည် ပို၍တော်စေရေးနှင့် ပညာ၏ချမ်းသာကိုရရှိနိုင်ရေး အတွက် ထပ်မံကာ ဤမည်သော “ချမ်းသာခြင်း၏ရလာဒ်ပညာ” ကို ရေးသားအပ်သည်။ သို့သော် ပညာရှင်မဟုတ်သေးသော်လည်း အမှားရှိနိုင်ပါသည်။ ထို့ကြောင့် စာပေမြတ်နိုးသူတို့က အကြံပြုနိုင်ပါ သည်။ အမှားပါလျှင်လည်း ခွင့်လွတ်ပေးပါရန် အနူးညွတ်ထက်၍ ပြောဆိုအပ်ပါသည်။
စာရေးသူ
ပုည(ရာမည)
ဝီရိယ နှင့် လူသား
အချိန်သည် ဒီရေပမာ ရုတ်တရက် ကုန်ဆုံးသွားကြကုန်၏။ တနေ့တာ အလုပ်ကို လုပ်ကြကုန်သော လူသားတို့သည် နေ့ရက်တွေတာ ကုန်ဆုံးသွားကြကုန်၏။ အလုပ်တို့သည်သာ မကုန်ဆုံးပဲ ရှိနေမြဲ ရှိနေခဲ့ကြကုန်၏။ အချို့သောလူသားတို့သည် ပြင်းရိကြကုန်၏။ အချို့သောလူသားတို့သည် ပျက်စီးကြကုန်၏။ အချို့သောလူသားတို့သည် ဥာဏ်ဖြင့်ဆင်ခြင်သိမြင်ကြကုန်၏။ အချို့သော လူသားတို့သည် လုံ့လ ၀ီရိယ အားထုတ်ခြင်းကိုပြုလုပ်ကြကုန်၏။ ဤကဲ့သို့ ပြင်းရိခြင်း ပျက်စီးခြင်းတို့သည် ၀ီရိယမဲ့သော လူသားထံ၌တည်ရှိနေခြင်းကြောင့်ပင်ဖြစ်သည်။ သူတို့သည် အချိန်ကုန်သည်နှင့်အမျှလည်းကောင်း အရွယ်ကြီး အသက်ကြီးလာသည်နှင့်အမျှ ဆင်းရဲခြင်းဒုက္ခ သုက္ခပေါင်းများစွာတို့သည် ခံကြရကုန်၏။ ထိုမှမဟုတ်မူ၍ ဥာဏ်ဖြင့် ဆင်ခြင်သိမြင်ခြင်း လုံ့လ ၀ီရိယ အားထုတ်ခြင်းဖြင့်ပြုလုပ်ကြကုန်သော လူသားတို့သည် တစ်နေ့တခြားတူမတူအောင် တိုးတက်လာကြ ကုန်၏။ ထိုဝီရိယနှင့် ပြည့်စုံသောလူသားသည် အောင်မြင်မှု၏ သရဖူကို အနီးကပ်ဆုံးရယူပိုင်ဆိုင်ခွင့် အရှိဆုံးသူဖြစ်လာကြ၏။ ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး ချမ်းသာလွန်းသော အထူးချွန်ဆုံးသော အဘက်ဘက်ကပြည့်စုံကြွယ်ဝလာသော ပုဂ္ဂုလ်တို့သည် တစ်နည်းပြောရလျှင် ၀ီရိယနှင့်လူသားတို့ သည်ပင် အကောင်းဆုံး ၀ီရိယနှင့်ကျိုးစားအားထုတ်ခဲ့သောကြောင့်ဖြစ်သည်။ အပိုင်း (၁)
အပိုင်း(၂)
ကမ္ဘာပေါ်တွင် အထူးချွန်ဆုံး၊ အသာဆုံး၊ အမြတ်ဆုံးသော လူသားတစ်ဦးက အကောင်းဆုံးသော စကားလုံးလေးများ ပြောသွားခဲ့ပါသည်။ မိတ်ဆွေတို့ လုံ့လ၀ီရိယနှင့်ပြည့်စုံသော လူရည်ချွန်သည် စင်စစ် ပျင်းရိခြင်း၊ ပျက်စီးခြင်း စသည် မကောင်းမှု အကုသိုလ်ဒုစရိုက်ကို ကိုယ်ပိုင်အသိဖြင့် စွန့်လွတ်၏။ ကောင်းမွန်မြင့်မြတ်သော ကုသိုလ်သုစရိုက်ကို ကိုယ်ပိုင်အသိစိတ်ဖြင့် ပွားများ၏။ မကောင်းသော အကျိုးမရှိသော အလွယ်ပြီးစေနိုင်သော အပြစ်ရှိသော အကျိုးယုတ်သော အကျိုးမဲသော အလုပ်ကို ကိုယ်ပိုင်ဥာဏ်အမြင်ဖြင့် သိ၍စွန့်လွတ်၏။ ကောင်းလည်းကောင်းသော အကျိုးလည်းရှိသော အလုပ်လည်းကြာမြင့်နိုင်သော အပြစ်လည်းမရှိသော မြင့်မြတ်သော စိတ်ဓာတ်ကို အကျိုးပြု၍ ကျေးဇူးပြုတက်သော အလုပ်ကို ကိုယ်ပိုင်ဥာဏ်အမြင်ဖြင့်သိ၍ပွားများ လုပ်ကိုင်ခဲ့၏။ ထိုသူတို့သည် ၀ီရိယနှင့်ပြည့်စုံသော လူသားဖြစ်၍အောင်မြင်သွားကြကုန်၏။ ထိုကဲ့သို့သော ၀ီရိယရှိသောသူသည် အဘယ်အမည်ရှိသော ကိစ္စဟူသမျှကို မအောင်မြင် မပြီးမြောက်ပဲ ရှိပါအံနည်း မေးဖွယ်ရာရှိသည်မှာ အမှန်ဝင်ရောက်ထိုးဖောက်၍ ရောက်လာပါတော့သည်။ ဤကဲ့သို့သော အမေးကိစ္စသည် အလွယ်ပြီမြောက်ချမ်းသာသို့ရောက်၍ အောင်မြင်တိုးတက်ကာ တဆင့်ထပ်တဆင့်မြင့်မားလာပေတည်း။ အလုံးစုံ ကိစ္စအောင်မြင်ကြောင်း ချမ်းသာကြောင်း ကြီးပွားကြောင်း ထင်ရှား ကျော်ဇော်ကြောင်းဟူ၍ လောကမှာ အတုလထွက်ဖူး သုံးလူတို့၏သခင် လူသုံးရွှေဟု နာမသမုတ် သဗ္ဗညုဘုရားရှင် ဟောတော်မူခဲ့သောကြောင့် ချမ်းသာကြီးပွား၊ အတွေ့အကြုံ ဗဟုသုတကိုရှာဖွေကုန်သော လူစွမ်းကောင်း သူမြတ်သူမွန်တို့သည် ၀ီရိယ ကို အထူးသဖြင့် အားထုတ်ကြကုန်လော။ ၀ီရိယသည် မြဲမြန်စွာ ထောက်ပံ့ခြင်း လက္ခဏာရှိ၏ ၀ီရိယသည် ဥစ္စာ ရွှေငွေ အမျိုးမျိုး တိုးတက်ကြောင်း တိုးပွားကြောင်း ဖြစ်ကုန်၏။ ၀ီရိယသည် ဆုတ်ယုတ် ပျက်စီးခြင်းမရှိခြင်းကြောင့်ဖြစ်သည်။ ၀ီရိယသည် အမြဲ အသုံးဝင်သော ဓားကောင်း တစ်လက်နှင့်တူပေသည်။ ၀ီရိယသည် ရှေးက မိမိပြုလုပ်ဖူးသော အလုပ်ဟူသမျှကို အထူးသဖြင့် ကျေးဇူးပြုနေသကဲ့သို့ တိုးတက် ကြီးပွားကြောင်းအမှန်ပင်ဖြစ်ပေသည်။ အရာရာ ကိစ္စတို့ကိုလည်း ခဏခြင်းဖြင့်လည်းကောင်း အလျှင်အမြန် ကျေးဇူးပြုကာ အောင်မြင်မှုရလာဒ်ကို ဖြစ်စေနိုင်သည်။ အကုသိုလ်ဝင်ရောက်ပျက်စီးနိုင်သော မကောင်းညစ်ဆိုး အကုသိုလ်ဒုစရိုက်တို့ကို စွန့်ပစ်နိုင်ပေသည့် အပြင် မိမိကိုယ်တိုင် အားထုတ်မှုရှိသော ကုသိုလ်တရားတွေနှင့်ကောင်းကျိုးအပေါ်တွင် ချမ်းသာသုခကိုရ၍ အောင်မြင်ခြင်းကိုထပ်ဆင့်ကာရရှိနိုင်ပေသည်။ ထို့ကြောင့် ၀ီရိယနှင့်လူသားတို့သည် ၀ီရိယ ကို အမြဲအားထုတ်ကြကုန်၏။ ဤလောက၌ ပျင်းရိသော မောင်ဖျင်းသည် အတက်ပညာ ဥစ္စာပစ္စည်း အဆွေခင်ပွန်းကောင်း ချမ်းသာသုခ ကောင်းမကောင်း အကြင် ကောင်းခြင်းလက္ခဏာသည် ထိုသူ့ထံတွင် လာရောက်မည်မဟုတ်သကဲ့သို့ ထိုကောင်းခြင်း လက္ခဏာသည် ဝေးကွာ၍သွားသည့်အပြင် ၀ီရိယမဲ့သောလူသား၏ ဘ၀၌သာဖြစ်၍ ၀ီရိယရှိသော လူသားတို့၏စွမ်းရည်တွေနိမ့်ကျကာသွားပေတော့သည်။ ဤသည်ကား ၀ီရိယရှိ မရှိခြင်း၏ အကြောင်းအရာတစ်ခုနှင့်ဥပမာ တစ်ပုဒ်ပင်ဖြစ်ပေသည်။(အပိုင်း ၂)
တက္ကသိုလ်ရဟန်းကမ္ဘာ ပုည (ရာမည)
သီတဂူ အလှူတော်
13 years ago
0 comments:
Post a Comment