အမေ
သူဟာ….သဘင်သည်လည်း မဟုတ်ဘူး
စာပေသမားလည်း မဟုတ်ဘူး
သမိုင်းပညာရှင်လည်း မဟုတ်ဘူး
အငိုအပြုံးလည်း မတက်ဘူး
မိသားစုအတွက် သားသမီးအတွက်
သမိုင်းပေး တာဝန်တွေနဲ့
အပူထုပ်တွေ ရင်ဝယ်ပိုက်
သူ့သားသမီးလေးတွေ ဘဝရှေးရေး
ရင်မအေးသမို့ အဆူအပူတွေကို
စစ်တိုက်သလို တိုက်ခိုက်ရင်း
မအေးသေးသော ဘဝစစ်ပွဲတွေကို
သားသမီးတွေအတွက် ဦးဆောင်တိုက်ခဲ့ဟာ အမေပါ ။ ။
တက္ကသိုလ်မြတ်မင်း
0 comments:
Post a Comment